ဧရာဝတီတိုင်းမ်
မေလ ၂ ရက်
စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ ပညာရှင်တွေ အပါအဝင် အလယ်အလတ်အဆင့် တာဝန်ရှိသူတွေ ပါဝင် တဲ့ ဒုတိယအကြိမ် Track 1.5 ဆွေးနွေးပွဲကို မကြာသေးမီက လက်ခံကျင်းပခြင်းအားဖြင့် အိန္ဒိယနိုင်ငံဟာ မြန်မာ့ အရေး ဖြေရှင်းရာမှာ အခန်းကဏ္ဍတစ်ခုကနေပါဝင်ဖို့ ကြိုးပမ်းနေပါတယ်။
မြန်မာ့အရေးဟာ အိန္ဒိယနယ်စပ်တစ်လျောက် မတည်ငြိမ်မှုတွေဖြစ်စေတာကြောင့် ဒေသတွင်း အဖြေ တစ်ခုရှာရာမှာ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ဖို့ ဆွေးနွေးပွဲကို လက်ခံကျင်းပပြီး အိန္ဒိယနိုင်ငံက ကြိုးပမ်းနေတယ် လို့ လေ့လာသူတွေက ပြောပါတယ်။
Track 1.5 ဆွေးနွေးပွဲတွေမှာ အစိုးရတာဝန်ရှိသူတွေနဲ့ အစိုးရမဟုတ်သော ကိုယ်စားလှယ်တွေ ပါဝင်ပြီး သံတမန်ရေးအရ စိန်ခေါ်မှုရှိနေတဲ့ အခြေအနေတွေကို ဖြေရှင်းတဲ့နည်းလမ်းတစ်ရပ် ရှာဖွေတာဖြစ်ပါတယ်။
“နယ်စပ်တွေမှာ မတည်ငြိမ်မှုတွေ ဖြစ်လာတာကိုထိန်းချုပ်ဖို့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တောင်အာရှနဲ့ အရှေ့တောင်အာရှက တိုင်းပြည်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဒီအစည်းအဝေးကို ပြုလုပ်တာဖြစ် ပါတယ်” လို့ နယူးဒေလီအခြေစိုက် မူဝါဒဆိုင်ရာ သုတေသနစင်တာမှ အန်ရှူမန်းချောင်ဒူရီက ပြောပါတယ်။
စစ်ကောင်စီက နှစ်နိုင်ငံနယ်စပ်တစ်လျောက်ရှိ အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့တွေအပေါ် ဗုံးကြဲတိုက် ခိုက်မှုတွေနဲ့ပတ်သက်လို့ အိန္ဒိယနိုင်ငံက စိုးရိမ်နေပါတယ်။
“အကျပ်အတည်းတစ်ရပ် ဖြေရှင်းရာမှာ သံတမန်ရေးအရ အိန္ဒိယနိုင်ငံက ဒေသတွင်း အင်အားကြီးတိုင်း ပြည်တစ်ခုလို့ သတ်မှတ်ရမှာဖြစ်ပါတယ်” လို့ ချောင်ဒူရီက ဆိုပါတယ်။
အစည်းအဝေးတက်ရောက်သူတွေက မြန်မာနိုင်ငံမှာ အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကိုထောက်ခံဖို့ လို အပ်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ အရှေ့မြောက်ပိုင်းမှာ ခိုအောင်းနေတဲ့ သောင်းကျန်းသူတွေရဲ့ တိုက် ခိုက်မှုတွေိကို ကာကွယ်ရာမှာ စစ်ကောင်စီက အိန္ဒိယကို ကာကွယ်ပေးခဲ့ပါတယ်။
အကြမ်းဖက်မှုတွေ တိုးလာစဉ် စစ်ကောင်စီနဲ့ စစ်ရေးဆက်ဆံမှုရှိနေတဲ့ အိန္ဒိယနိုင်ငံရဲ့ ပတ်သက်မှုတွေအ ပေါ် ဒီမိုကရေစီအင်အားစုတွေကြား ဝေဖန်မှုတွေရှိလာတာကြောင့် အိန္ဒိယက မြန်မာ့နဲ့ပတ်သက်တဲ့မူဝါဒ ပြန် ဆန်းစစ်ဖို့ လိုအပ်ပြီလို့ အချို့က ထောက်ပြပါတယ်။
မြန်မာနိုင်ငံရဲ့ မြေပြင်မှာ ပကတိအရှိတရားက မြန်ဆန်စွာ ပြောင်းလဲနေပြီး အိန္ဒိယနိုင်ငံက အတိုက်အခံ တွေနဲ့လည်း ထိတွေ့ဆက်ဆံမှု ရှိနေတယ်လို့ နယူးဒေလီအခြေစိုက် Observer Research Foundation ရဲ့ ပြည်ပ မူဝါဒ လေ့လာရေးဌာန ဒုတိယဥက္ကဌ ပါမောက္ခ ဟက်ရှ်ဗွီပန့်က ပြောပါတယ်။
ကိုးကား – The Straits Times
Ref; India hosts dialogue, seeks to play a role to ease Myanmar crisis which complements Asean’s efforts