ဧရာဝတီတိုင်းမ်
မေလ ၁ ရက်

ကိုရီးယားရေပိုင်နက်အတွင်း နျူကလီးယားတပ်ဆင်ထားသော ရေငုပ်သင်္ဘောတွေ စေလွှတ်မယ့် အမေရိ ကန်နိုင်ငံရဲ့ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယားနဲ့ တာဝန်ရှိသူတွေက သတိပေးလိုက်ပါတယ်။

တောင်ကိုရီးယားနိုင်ငံနဲ့ နျူကလီးယား အတိုင်ပင်ခံအဖွဲ့ ဖွဲ့စည်းကြောင်း အမေရိကန်နိုင်ငံက ပြီးခဲ့တဲ့အ ပတ်အတွင်း ကြေညာခဲ့ရာ မြောက်ကိုရီးယားနဲ့တရုတ်ကို အမျက်ထွက်စေခဲ့ပါတယ်။

အမေရိကန်ဟာ မြောက်ကိုရီးယားရဲ့ ရန်အလိုဆုံးရန်သူဖြစ်ပြီး ကိုရီးယားရေပိုင်နက်အတွင်း နျူစွမ်းအင် သုံး ရေငုပ်သင်္ဘောတွေ ဖြန့်ကြက်မယ့်အစီအစဉ်ကို ကန့်ကွက်တယ်လို့ အလုပ်သမားပါတီ ဒုတိယညွှန်ကြားရေး မှူးနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ရဲ့ညီမ ကင်ယိုဂျောင်က ပြောပါတယ်။

“ကျွန်မတို့ရဲ့ရန်သူတွေက နျူကလီးယားစစ်ပွဲ လေ့ကျင့်မှုတွေ ပိုမိုပြုလုပ်ပြီး ကိုရီးယားကျွန်းဆွယ်ကို နျူ စွမ်းအင်သုံးရေငုပ်သင်္ဘောတွေ စေလွှတ်လေ ကျွန်မတို့ ကိုယ့်ကိုယ်ကိုကာကွယ်မယ့် စစ်ရေးလေ့ကျင့်မှုတွေ ပိုပြု လုပ်လေဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုကြောင့် တရုတ်နဲ့ရုရှားကို ခြိမ်းခြောက်နိုင်ဖို့ ကိုရီးယားကျွန်းဆွယ်ကို စစ်လက်နက်တွေဖြန့်ကြက်ရတယ်လို့ ဆင်ခြေတစ်ခုပေးစရာ အကြောင်းမရှိဘူးလို့ တ ရုတ် စစ်ဘက်ဆိုင်ရာလေ့လာသူ ဆောင်ကျောင်ပင်က ပြောပါတယ်။

“အမေရိကန်နိုင်ငံရဲ့ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ စေလွှတ်မယ့်ဆုံးဖြတ်ချက်ကြောင့် ကိုရီးယား ကျွန်းဆွယ်မှာ နျူလက်နက်ဖျက်သိမ်းရေးကို အထောက်အကူမဖြစ်စေပါဘူး” လို့ သူက တရုတ်မီဒီယာတွေကို ပြောပါတယ်။

ပစိဖိတ်ဒေသမှာ လက်နက်ပြိုင်ဆိုင်မှု အရှိန်မြှင့်လာစေမယ့် ဗြိတိန်၊ အမေရိကန်နဲ့ သြစတြေးလျတို့ကြား Aukus နျူကလီးယားသဘောတူညီချက်ဟာ နျူကလီးယား မပြန့်ပွားရေးစာချုပ် ချိုးဖောက်မှုတစ်ခုအဖြစ် တ ရုတ်နိုင်ငံက ဝေဖန်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာ ကမ္ဘာတစ်ဝန်း နျူကလီးယားလက်နက်ဖြန့်ကြက်တာတွေ အရှိန်မြှင့်လုပ်ဆောင်နေ ပြီး ဗြိတိန်ရှိ လာကင်ဟိ လေတပ်အခြေစိုက်စခန်းမှာ နျူကလီးယားဗုံးကြဲလေယာဉ်တွေ ဖြန့်ကြက်ထားတယ်ဆို တဲ့ သတင်းတွေလဲထွက်ပေါ်နေပါတယ်။

ကိုးကား – Morning Star
Ref; China and North Korea slam US deployment of nuclear-armed submarines to Korean waters