ဧရာဝတီတိုင်းမ်
မေလ ၁ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေက Supreme Hotel မှာ ဧပြီလ ၃၀ ရက်နေ့က အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နေ့လည် ၁ နာရီ ၂၀ အချိန်မှာ ခရီးသွားဧည့်သည်အမျိုးသားတစ်ဦး ရေချိုးရာမှ ဓါတ်လိုက်သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဟိုတယ်အတွင်းကရေချိုးခန်းမှာ ဖြစ်တာမဟုတ်ဘူး၊ ပင်လယ်ရေချိုးပြီး ရေသန့်ပြန်ချိုးဖို့လုပ်ထားတဲ့ အခန့်ရှေ့ပိုက်ကနေလိုက်တာ၊ သူတို့၃ယောက်ပင်လယ်ထဲဆင်းပြီး ရေချိုနဲ့ချိုးနေရင်းနဲ့ဖြစ်တာ “လို့ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။

သေဆုံးသွားသူဟာ ရန်ကုန်မြို့မှာနေထိုင်တဲ့အသက်(၂၈)နှစ်အရွယ် မောင်နိုင်မျိုးလွင်(ခ) နောင်နောင် ဆိုသူဖြစ်ပြီး သူရဲ့သူငယ်ခြင်း ၂ဦးနဲ့အတူပင်လယ်တွင်းမှာ ရေဆင်းကူးပြီးတည်းခိုတဲ့ဟိုတယ်ရှေ့ကရေချိုး Shower မှာရေချိုးရာကနေ ၃ ဦးလုံး ဓါတ်လိုက်ခဲ့ပေမယ့် သူတစ်ဦးသာသေဆုံးခဲ့တာလို့သိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်ထရန်စမာတစ်ဆင့် ဟိုတယ် အတွင်းသို့ သွယ်တန်း ထားသော မြေအောက်လျှပ်စစ်ကြိုး ပေါက်ပြဲရာမှ တဆင့် လျှပ်စစ်ကူးကာ

ရေချိုး Showerအတွင်း ဓါတ်လိုက်နေသည်ကိုမသိပဲ ရေချိုးရာက ခုလိုသေဆုံးရတယ်လို့ ရဲမှတ်တမ်းများအရဖော်ပြပါရှိပါတယ်။

လက်ရှိမှာ သေဆုံးသွားသူရဲ့ရုပ်အလောင်းကို ချောင်းသာဆေးရုံရင်ခွဲရုံကတစ်ဆင့် ရန်ကုန်မြို့ကို ဒေသခံပရဟိတအဖွဲ့က ပို့ဆောင်ပေးလိုက်ပြီလို့သိရပါတယ်။
#ချောင်းသာ #ဟိုတယ် #အမျိုးသားတစ်ဦး #ဓာတ်လိုက်သေဆုံး #Ayeyarwaddy_Times