ဧရာဝတီတိုင်းမ်
ဧပြီလ ၃၀ ရက်

မြန်မာနိုင်ငံရဲ့ ဆိုးရွားလာသော အကျပ်အတည်းဖြေရှင်းရာမှာ ပိုမိုကြီးမားသော ဉီးဆောင်အခန်းကဏ္ဍမှ ပါဝင်ဖို့နဲ့ အာဏာသိမ်းစစ်ကောင်စီအပေါ် ဖိအားပေးတာ အရှိန်မြှင့်ဖို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ဉီးက ဂျပန်အ စိုးရကို တိုက်တွန်းလိုက်ပါတယ်။

“မြန်မာ့အရေး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှုက ပျက်ကွက်နေတာကြောင့် သန်းနဲ့ချီတဲ့ပြည်သူ တွေ အသက်အိုးအိမ်ကို ထိခိုက်စေပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြသူ သော မတ်အန်ဒရူးက ၁၀ ရက်ကြာ ဂျပန်ခရီးစဉ်အပြီးမှာ ပြောပါတယ်။

“မြန်မာ့အရေး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှုပျက်ကွက်တာကို ပြန်လည်ချိန်ညှိရာမှာ ဂျပန်နိုင်ငံရဲ့ ခေါင်းဆောင်မှုက အရေးကြီးပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် တိုက်ခိုက်နိုင်စွမ်း အားနည်းသွားဖို့ ဒေသတွင်းနဲ့ ကမ္ဘာ့မ ဟာမိတ်တွေနဲ့ လက်တွဲဆောင်ရွက်ဖို့ သောမတ်အန်ဒရူးက ဂျပန်နိုင်ငံကို တောင်းဆိုခဲ့ပါတယ်။

တရားဝင်ရရှိဖို့ နည်းလမ်းတစ်ခုအဖြစ် အတုအယောင် ရွေးကောက်ပွဲတွေပြုလုပ်မဲ့ အာဏာသိမ်းစစ် ကောင်စီရဲ့ အစီအစဉ်ကို ရှုတ်ချကြဖို့ သူက ဂျပန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

“အတိုက်အခံခေါင်းဆောင်တွေ ဖမ်းဆီးနှိပ်စက်ခံရကာ အရေးပါတဲ့ နိုင်ငံရေးပါတီတွေ ဖျက်သိမ်းခံရပြီး စစ်ကောင်စီကိုဝေဖန်တဲ့ သတင်းထောက်တွေ အကျဉ်းချခံနေရချိန်မှာ စစ်မှန်တဲ့ရွေးကောက်ပွဲတစ်ခု ပြုလုပ်ဖို့ မဖြစ်နိုင်ပါဘူး” လို့ သူက ဆိုပါတယ်။

ကိုးကား – https://www.ohchr.org
Ref; UN expert urges Japan to step up pressure on Myanmar junta