ဧရာဝတီတိုင်းမ်
ဧပြီလ ၃၀ ရက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ညီမဖြစ်သူ ကင်ယိုဂျောင်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခဲ့ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုကို တန်ပြန်မဲ့ အမေရိကန်-တောင် ကိုရီးယား သဘောတူညီချက်သစ်ကို လက်တုံ့ပြန်မှုအဖြစ် စစ်ရေးလေ့ကျင့်မှုတွေ ပိုမိုပြုလုပ်မယ်လို့ ပြောပါတယ်။

နျူကလီးယားတိုက်ခိုက်မှုပြုလုပ်ရင် မြောက်ကိုရီးယားအစိုးရ ပြုတ်ကျမယ်လို့ သတိပေးခဲ့တဲ့ သမ္မတ ဂျိုးဘိုင်ဒင်ဟာ သူငယ်ပြန်နေပြီး အတွက်မှားကာ လက်လွတ်စပယ်ဖြစ်လွန်းတယ်လို့ ကင်ယိုဂျောင်က တုံ့ပြန် လိုက်ပါတယ်။

ဂျိုးဘိုင်ဒင်ရဲ့ စကားလုံးတွေကို ဇရာထောင်းနေတဲ့ လူပုဂ္ဂိုလ်တစ်ဉီးရဲ့ အဓိပ္ပာယ်မရှိသော မှတ်ချက်စ ကားခုအဖြစ် မြောက်ကိုရီးယားက ပယ်ချတယ်လို့ သူက ဆိုပါတယ်။

ဂျိုးဘိုင်ဒင်ရဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ယိုနဲ့ တွေ့ဆုံမှုမှာရရှိခဲ့တဲ့ သဘောတူညီချက်ဟာ မြောက်ကိုရီးယားအပေါ် ရန်လိုတဲ့အပြုအမူဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အလွန်အမင်း အန္တရာယ်ရှိစေတယ်လို့ ကင်ယိုဂျောင်က ပြောပါတယ်။

ဂျိုးဘိုင်ဒင်နဲ့ ယွန်ဆတ်ယိုတို့ကြား ထိပ်သီးဆွေးနွေးမှုကြောင့် မြောက်ကိုရီးယားက နိုင်ငံရဲ့ နျူကလီး ယားလက်နက်စွမ်းပကားတွေကို အဆင့်မြှင့်တင်ရတော့မယ်လို့ သူက ဆိုပါတယ်။

အမေရိကန်နိုင်ငံရဲ့ တောင်ကိုရီးယားနဲ့ ပုံမှန်ပြုလုပ်တဲ့ စစ်ရေလေ့ကျင့်မှုတွေဟာ ကျူးကျော်တိုက်ခိုက်ဖို့ အစမ်းလေ့ကျင့်နေတာလို့ မြောက်ကိုရီးယားက ပြောဆိုခဲ့ပေမယ့် အဆိုပါ မဟာမိတ်နှစ်နိုင်ငံကတော့ ခုခံကာ ကွယ်ဖို့ စစ်ရေးလေ့ကျင့်တာလို့ ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်ပေးဖို့ အမေရိကန်နိုင်ငံက တောင်ကိုရီးယား၊ ဂျ ပန်တို့နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ မကြာခဏဆိုသလို ပြုလုပ်ပါတယ်။

ကိုးကား – TRT World
Ref; North Korea insults Biden, calls him senile and ‘too miscalculating’