ဧရာဝတီတိုင်းမ်
ဧပြီလ ၃၀ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ကုတင် ၅၀၀ ဆေးရုံမှာရှိတဲ့ အောက်စီဂျင်စက်ရုံဟာ ဧပြီလ ၃၀ ရက်နေ့ ညနေပိုင်းမှာ ပေါက်ကွဲမှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်စီဂျင်စက်ရုံထဲက အောက်စီဂျင်အိုးအကြီး တွေပါ ပေါက်ကွဲတဲ့အသံကို အပြင်ဘက်က ကြားနေရပြီး ညနေ ၅ နာရီ ၅၀ လောက်မှာ စတင်ပေါက်ကွဲတာလို့ ဒေသခံတွေက ပြောပါတယ်။

” အောက်စီဂျင်စက်ရုံထဲက ပေါက်ကွဲသံတွေ ကြားနေရတာ၊ ဗုံးပေါက်တာမျိုး အသံအကျယ်ကြီးတော့ မကြားရဘူး။ အနီးနားကသူတွေလောက်ပဲ အသံကြားရတယ်၊ ခုတော့ မီးသတ်ကားတွေ ဝင်သွားပြီ”လို့ ဒေသခံ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အောက်စီဂျင်အိုးအကြီးတွေ ဆက်တိုက်ပေါက်ကွဲတဲ့ အသံကို ဆေးရုံခြံစည်းရိုးအပြင်ဘက် ဆိုင်တွေနားကကြားနေရပြီး မီးသတ်ကား ၂ စီးဝင်သွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ပုသိမ်ဆေးရုံဝန်းထဲက အောက်စီဂျင်စက်ရုံပေါက်ကွဲမှုဟာ ဗုံးပေါက်ကွဲတာမဟုတ်ဘဲ အပူချိန်မြင့်မားမှုကြောင့် ပေါက်ကွဲတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

#ပုသိမ်ဆေးရုံကြီး #အောက်စီဂျင်စက်ရုံ #ပေါက်ကွဲမှုဖြစ် #Ayeyarwaddy_Times