ဧရာ၀တီတိုင်းမ်
ဧပြီလ ၃၀ ရက်

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ငမောက်လမ်းနှင့် မဟူရာ လမ်းထောင့်တွင် ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့က ဗိုလ်မှူး (အငြိမ်းစား) ရဲမင်းသန်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

ဗဟန်းမြို့နယ်၊ ကြောင်မျက်ရှင်လမ်းတွင်နေခိုင်သူ ဗိုလ်မှူး(ငြိမ်း)ရဲမင်းသန်းကို Bahan’s Guerrilla Force (B-PDF)မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ ဧပြီ ၃၀ ရက်နေ့တွင် မြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဗိုလ်မှူး(ငြိမ်း)ရဲမင်းသန်းသည် အထူးနှိမ်နင်းရေးတာ၀န်ကို ရယူထားပြီး နေပြည်တော်နှင့် ရန်ကုန်သို့ အသွားအပြန်လုပ်နေသူဖြစ်ပြီး တော်လှန်ရေးရဲဘော်များကို မတရား လိုက်လံ ဖမ်းဆီးရာတွင် ထိပ်ဆုံးကပါ၀င်သူဖြစ်ခြင်းကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည် ဟုဆိုသည်။

ပစ်ခတ်ခံရမှုကြောင့် အဆိုပါ ဗိုလ်မှူးငြိမ်းရဲမင်းသန်း၏ ယာရင်ဘတ်တွင် ဖောက်ဝင်ဒဏ်ရာနှစ်ချက်၊ ကျောကုန်း ဖောက်ထွက် ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

B-PDF အဖွဲ့အနေဖြင့် ‌ဗဟန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ ဒေါက်တိုင်များအပြင် ၎င်းတို့နှင့်ပူးပေါင်းလုပ် ဆောင်နေသူများကို အမြဲစောင့်ကြည့်လျှက်ရှိပြီး ဆက်လက်၍ သက်ညှာစွာဖြင့် လွှတ်ပေးထားတော့မည် မဟုတ်ကြောင်း သတိပေးထားသည်။

#ရန်ကုန်းတိုင်း #ဗဟန်းမြို့နယ် #ဗိုလ်မှူးငြိမ်းရဲမင်းသန်း #PDF #ဖမ်းဆီး #ပစ်ခတ် #BPDF #Ayeyarwaddy_Times