ဇွဲနိုင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၃၀ ရက်
တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ပဥ္စသီမော်ရွာမှ ပျူစောထီးအဖွဲ့ဝင်ဆိုသူတစ်ဦးကို ပစ်ခတ်ရှင်းလင်းရာ သေဆုံးသွားခဲ့ကြောင်း နှင့် အဆိုပါပစ်ခတ်မှုအတွက် သံဃာ လေးပါးကို ဖမ်းဆီးထားကြောင်း Dawei Defense Team – DDT တပ်ဖွဲ့ထံက သိရသည်။
မတ်လ ၂၉ ရက် နံနက် ၁၁ နာရီခန့်အချိန်က အသက် ၃၂ ဝန်းကျင်အရွယ်ရှိ ပျူစောထီးအဖွဲ့ဝင် ဆိုသူ ကိုမင်းဝါ ကို အလှူပွဲတစ်ခုတွင် DDT(ပကဖ) ရဲဘော်များက သေနတ် ဖြင့် နှစ်ချက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“သူက ဘုန်းကြီးကျောင်းတစ်ခုရဲ့ဆွမ်းကျွေးအလှူမှာ ရှိနေတဲ့အချိန် မှာ ကျနော်တို့အဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။အခုပစ်ခတ်ခံရတာက ဒုတိယအကြိမ်ပေါ့။ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ကလည်း သူ့ကို PDF တွေဝင်ရောက်ပစ်ခတ်ခဲ့သေးတယ်။အဲတုန်းကတော့ လက်မောင်း ကျည်ထိမှန်ဒဏ်ရာပဲ့ရခဲ့တာပေါ့။အခု ဒုတိယ အကြိမ်ပစ်ခံရတာပါ “ ဟု DDT မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
ပစ်ခတ်ခံရသည့် ကိုမင်းဝါ သည် သေနတ်ဒဏ်ရာ နှစ်ချက်ထိမှန်ပြီး ရရှိသော ဒဏ်ရာဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ၄င်းက ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တစ်နာခန့်အကြာတွင် စစ်ကောင်စီတပ်များရောက်ရှိလာပြီးလက်နက်ကြီး၊ လက်နယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သလို သံဃာတော်အချို့ကိုလည်း ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
“ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ အလှူလုပ်တဲ့ ဘုန်းကြီးကျောင်းက သံဃာတော် လေးပါးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ရိုက်နှက်ဖမ်းဆီးပြီး လောင်းလုံးရဲစခန်းကို ခေါ်သွားတယ်” ဟု ထားဝယ်ကာကွယ်ရေးတပ်ဖွဲ့ Dawei Defense -Team DDT တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါပစ်ခတ်မှုကို Dawei Defense -Team DDT (ပကဖ) ရဲဘော်များ က ဆောင်ရွက်ခဲ့ကြောင်း ၄င်းအဖွဲ့က တရားဝင် သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ-သေဆုံးသူ ကိုမင်းဝါ
#လောင်းလုံး #ပျူစောထီးပစ်သတ်ခံရ #စစ်ကောင်စီတပ် #သံဃာလေးပါးကိုရိုက်နှက်ဖမ်းဆီး
#Ayeyarwaddy_Times