ဧရာဝတီတိုင်းမ်
ဧပြီလ ၂၉ ရက်
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့အနီး ပင်လယ်ပြင်မှာမှာ ဧပြီလ(၁၉)ရက်ကစက်လှေတစ်စီးကနေ ရိုဟင်ဂျာ ၇၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၆ ရက်အကြာမှာ ငပုတောမြို့နယ်တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
အမိန့်ချခံရ သူရိုဟင်ဂျာ ၇၀ ဦးအနက် အသက် ၁၈ နှစ် မပြည့်တဲ့ ယောင်္ကျားလေး ၂၆ ဦးကို ငှက်အော်စမ်း လူငယ်လေ့ကျင့် စခန်း ကို ပို့ဆောင်ပြီး အသက် ၇ နှစ်အောက်ရှိ ကလေး၂ ဦး ကို ပုသိမ်မြို့ လူမှုဝန်ထမ်းဦးစီးဌာနကိုအပ်နှံခဲ့ပြီး ကျန် ၄၂ ဦးအား ပုသိမ် အကျဉ်းထောင်ကို ဧပြီလ ၂၅ ရက်နေ့က ပို့ဆောင်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“ဧပြီ ၂၄ က ရိုဟင်ဂျာ (၇၀)ဦးကို နိုင်ငံသား မှတ်ပုံတင်အက် ဥပဒေ ပုဒ်မ ၆၃ က နဲ့ ထောင် ၂ နှစ်စီ အမိန့်ချလိုက်တာ၊ ဘာမှဖြေရှင်းခွင့်မရှိဘူး။ သူတို့ကို လိုက်ပို့တယ်ဆိုတဲ့ စက်လှေသမား ၇ ဦးကတော့ လူကုန်ကူးမှုနဲ့ စစ်နေတုန်း”လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။
လက်ရှိထောင်ဒဏ်ချခံထားသူတွေဟာ ပွဲစားရဲ့ချိတ်ဆက်ပေးမှုနဲ့ရခိုင်ပြည်နယ်ဒုက္ခသည်စခန်းတွေကနေ မလေးရှားနိုင်ငံကိုအလုပ်လုပ်ဖို့ စက်လှေနဲ့ထွက်လာစဥ်မှာ စစ်ကောင်စီရေတပ်နဲ့တွေ့ပြီး
ဖမ်းဆီးခံခဲ့ရတာလို့ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေကပြောပါတယ်။
ဧရာ၀တီတိုင်းမှာ ၂၀၂၃ ခုနှစ်အတွင်းမှာ ရိုဟင်ဂျာများ ဖမ်းဆီးခံရတာ ဒုတိယအကြိမ်ဖြစ်ပြီး ဇန်နဝါရီလ ၁ ရက်နေ့က ရိုဟင်ဂျာ ၃၉ ဦးကို ဟင်္သာတမြို့နယ်၊ လယ်တီကွင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ ရိုဟင်ဂျာ ၇၀၀ ကျော်ဖမ်းဆီးခံရပြီး လူ၀င်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ တရားစွဲဆိုခံရကာ ၎င်းတို့အနက်မှ ၅၀၀ ကျော်မှာ ထောင်ဒဏ် တွေချမှတ်ခံထားရတယ်လို့ တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံကနေသိရပါတယ်။
#ငရုတ်ကောင်း #ရိုဟင်ဂျာဖမ်းဆီးခံရ #ထောင်ဒဏ်ချမှတ် #Ayeyarwaddy_Times