နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မြဝတီ) /ဧပြီလ၂၉ရက်
ကရင်ပြည်နယ် ၊ မြဝတီမြို့ပေါ်ရှိ စစ်ကောင်စီ၏ ခမရ (၂၇၅) တပ်ရင်းသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မဲကနယ်ကျေးရွာ ကျောက်တောင်ဘက်ကို တာဝေးပစ် လက်နက်ကြီးများဖြင့် ညလုံး ပေါက်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ ခမရ (၂၇၅) တပ်သည် ယမန်နေ့ ဧပြီ ၂၈ ရက်နေ့ ညပိုင်းမှ စတင်၍ ယနေ့ ဧပြီ ၂၉ ရက်နေ့ နံနက်ပိုင်းအထိ ပစ်ခတ်နေခြင်း ဖြစ်ကြောင်း ဒေသခံများ ထံက သိရသည်။
“မနေ့က ညကတည်းက ပစ်နေတာ ဒီနေ့ မနက်အထိကို အတွဲလိုက်တွေ ပစ်နေတာ။ ထိခိုက်မှု့မရှိပေမယ့် ကြောက်နေကြတာပေါ့” ဟု အသက် ၅၀ အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်များသည် ကော်ဘရာစစ်ကြောင််းနှင့် တော်လှန်ရေးမဟာမိတ်တပ်များ အခြေစိုက်ထားသည့် KNU တပ်မဟာ (၆)နယ်မြေ အတွင်းသို့ နယ်မြေကျူးကျော်ရန် ထိုးဖောက်ဝင်ရောက်နေသော်လည်း ထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိဘဲ မြေပြင် တိုက်ပွဲများတွင် အထိနာလျှက်ရှိကြောင်း သိရသည်။
အဆိုပါ နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်များ ဝင်ရောက်ထိုးဖောက်နိုင်ခြင်း မရှိ၍ မြ၀တီ မြို့ပေါ်မှနေ၍ ယခုကဲ့သို့ တာဝေးပစ်လက်နက်ကြီးများဖြင့် ရမ်းသန်း၍ ပစ်ခတ် နေခြင်းဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများက ဆိုသည်။
#မြ၀တီမြို့ #စစ်ကောင်စီတပ် #ခမရ၂၇၅ #မဲကနယ်ကျေးရွာ #ညလုံးပေါက် #တာဝေးပစ်လက်နက်ကြီး #ပစ်ခတ် #Ayeyarwaddy_Times