ဧရာဝတီတိုင်းမ်
ဧပြီလ ၂၉ ရက်

ဂျပန်နိုင်ငံက ယူကရိန်းကျူးကျော်စစ်ပွဲနဲ့ပတ်သက်လို့ ရုရှားနိုင်ငံအပေါ် လုပ်ဆောင်ခဲ့သလိုမျိုး မြန်မာနိုင် ငံကို ဒဏ်ခတ်အရေးယူသင့်တယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ဉီးက ပြောကြားလိုက်ပါတယ်။

မြန်မာတပ်ဖွဲ့တွေကို သင်တန်းပေးနေတာတွေ ချက်ချင်း အဆုံးသတ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက ဂျပန်နိုင်ငံကို တိုက်တွန်းခဲ့ပြီး အခုလိုမျိုးလုပ်ရပ်က တိုင်းပြည်စစ်တပ်ရဲ့ပုံရိပ်ကို ထိခိုက်စေတယ်လို့ သတိပေးလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကစဉ့်ကလျားအခြေအနေ ဖြစ်လာခဲ့ပြီး နေရာအနှံ့ တိုက် ပွဲတွေဖြစ်ကာ စီးပွားရေး ကျဆင်းသွားခဲ့ပါတယ်။

“မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေဟာ ကြောက်မတ်ဖွယ်ရာဖြစ်ပြီး အခြေအနေ ပိုဆိုးနေပါ တယ်” လို့ ဂျပန်တာဝန်ရှိသူတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ တွေ့ဆုံတဲ့ ခရီးစဉ်တစ်ခုအပြီး တိုကျိုမြို့တော်မှာ အန် ဒရူးက သတင်းထောက်တွေကို ပြောပါတယ်။

“ယူကရိန်းအရေးမှာ လုပ်ဆောင်ခဲ့သလိုမျိုး မြန်မာစစ်တပ်နဲ့ အရေးပါတဲ့ ဝင်ငွေရပေါက်တွေအပေါ် ပစ် မှတ်ထားပြီး စီးပွားရေးအရ အရေးယူတဲ့ အခြား G-7 နိုင်ငံတွေနဲ့ ပူးပေါင်းရေးစဉ်းစားဖို့ ဂျပန်နိုင်ငံကို ကျွန်တော် တိုက်တွန်းပါတယ်” လို့ အန်ဒရူးက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူတာဟာ ပြည်သူတွေအပေါ် တိုက်ခိုက်နိုင်စွမ်း အား နည်းလာစေမှာဖြစ်တယ်လို့ သူက ဆိုပြီး မြန်မာစစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်မှုနဲ့ ဖိနှိပ်မှုတွေ ကျူးလွန်နေ တယ်လို့ စွပ်စွဲလိုက်ပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း ဂျပန်နိုင်ငံက မြန်မာနိုင်ငံသို့ ပေးအပ်နေတဲ့ အကူအညီစီမံကိန်းသစ်တွေ ရပ် ဆိုင်းခဲ့ပေမယ့် ရှိယင်းစွဲ ဖွံ့ဖြိုးရေးအစီအစဉ်တွေကို ထိခိုက်တာမရှိခဲ့ပါဘူး။

ဂျပန်နိုင်ငံမှာ စစ်သင်တန်းတက်ရောက်နေတဲ့ မြန်မာစစ်သားတွေကို သင်တန်းပြီးဆုံးချိန်အထိ တက် ရောက်ခွင့်ပြုတဲ့ ဂျပန်နိုင်ငံရဲ့ဆုံးဖြတ်ချက်ကို အန်ဒရူးက ဝေဖန်လိုက်ပါတယ်။

အကူအညီသစ်စီမံကိန်းတွေကို ရောက်ရှိမယ့်ငွေကြေးတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည် တွေအတွက် စားနပ်ရိက္ခာဝယ်ယူရေး ရန်ပုံငွေအဖြစ် ပြောင်းလွှဲပေးဖို့ ဂျပန်နိုင်ငံကို တိုက်တွန်းခဲ့တယ်လို့ သူက ဆိုပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးက မြန်မာပြည်သူတွေကို ကူညီပေးဖို့ ပျက်ကွက်နေတယ်လို့ အမေရိ ကန်လွှတ်တော်အမတ်ဟောင်းနဲ့ မြန်မာ့အရေး မဲဆွယ်သူဖြစ်တဲ့ အန်ဒရူးက ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ အခြေအနေတွေ မြန်ဆန်စွာ ဆိုးရွားလာတာကြောင့် အရေးယူမှုတွေ ပြန်လည်ဆန်းစစ်ဖို့ လိုအပ်နေပါပြီ” လို့ သူက ပြောပါတယ်။