ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂ ရက်

လွှတ်တော်အမတ် နီကီမာဝီလီယံ တင်သွင်းတဲ့ မြန်မာနိုင်ငံသို့ ရန်ပုံငွေသစ် မထောက်ပံ့ရေး အက်ဥပဒေ No New Burma Funds Act ကို အမေရိကန်အောက်လွှတ်တော်က ဒီဇင်ဘာလ ၁ ရက်မှာ ထောက်ခံမဲ ၃၈၅ မဲနဲ့ အတည်ပြုလိုက်ပါတယ်။

အဆိုပါအက်ဥပဒေဟာ မြန်မာနိုင်ငံသို့ ကမ္ဘာ့ဘဏ်မှ ငွေကြေးထောက်ပံ့မှုတွေ ရပ်ဆိုင်းဖို့ ရည် ရွယ်တယ်လို့ သိရပါတယ်။ ယခုအက်ဥပဒေရဲ့ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာ့ဘဏ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ငွေကြေး ထောက်ပံ့မှုအသစ်တွေ သို့မဟုတ် ချေးငွေထုတ်ချေးမှုမှာ အမေရိကန်နိုင်ငံ မပါဝင်ဖို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရ ဖြုတ်ချခံခဲ့ရတဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ကမ္ဘာ့ဘဏ်မှတစ်ဆင့် ငွေကြေးထောက်ပံ့မှုတွေ ရပ်ဆိုင်းဖို့ ဖြစ်လာတာပါ။

အက်ဥပဒေအရ မြန်မာနိုင်ငံသို့ ရန်ပုံငွေထောက်ပံ့မှု ဆက်လက် ရပ်ဆိုင်းဖို့ ကမ္ဘာ့ဘဏ်မှာရှိတဲ့ အမေရိကန် အမှုဆောင်ညွှန်ကြားရေးမှူးကို ဘဏ္ဍာရေးဝန်ကြီးက ညွှန်ကြားဖို့ လုပ်ပိုင်ခွင့်ရှိပါတယ်။

အက်ဥပဒေအရ မြန်မာစစ်ကော်မရှင်သို့ ထပ်တိုးချေးငွေ သို့မဟုတ် ငွေကြေးအကူအညီတွေ ပေး အပ်ခွင့်မရှိတော့ပါဘူး။
No New Burma Funds Act ကို အတည်ပြုရတဲ့ ရည်ရွယ်ချက်မှာ ဒီမိုကရေစီ ပြန်လည်ရရှိရေး စစ်တပ်ဉီးဆောင်တဲ့ အစိုးရကို ဖိအားပေးဖို့နဲ့ နိုင်ငံတကာ ငွေကြေးအရင်းအမြစ်တွေနဲ့ စစ်ကော်မရှင်ကို မပံ့ပိုးဖို့ ဖြစ်ပါတယ်။

ကိုးကား – Quiver Quantitative
Ref; Congress Vote: The House has passed H.R. 4423 – No New Burma Funds Act