ဧရာဝတီတိုင်းမ်
ဧပြီလ ၂၉ ရက်

မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာတွေအတွက် အကူအညီတွေ ပိုမိုပေးအပ်ဖို့ ဝန် ကြီးချုပ် ရှိတ်ခ်ဟာစီနာက နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်။

ဂျပန်သို့လာရောက်တဲ့ လေးရက်ကြာခရီးစဉ်အတွင်း မနေ့က တိုကျိုမြို့တော်မှာ ရုပ်သံလွှင့်ဌာန NHK နဲ့ အင်တာဗျူးတစ်ခုအတွင်း ရှိတ်ခ်ဟာစီနာက အခုလို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ရှိတ်ခ်ဟာစီနာဟာ ဧပြီလ ၂၆ ရက်က ဂျပန်ဝန်ကြီးချုပ် ကီရှီဒါနဲ့ တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးကို မ ဟာဗျူဟာမြောက် မိတ်ဖက်အဆင့် တိုးမြှင့်ဖို့ သဘောတူခဲ့ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာခဲ့တဲ့ သန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားရပါတယ်။

ယူကရိန်းအရေးကြောင့် စွမ်းအင်နဲ့ စားနပ်ရိက္ခာဈေးနှုန်းတွေ မြင့်တက်နေလို့ ရိုဟင်ဂျာတစ်သန်းခန့်အ တွက် ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ရတဲ့ကုန်ကျစရိတ်က များပြားလာခဲ့တယ်လို့ ရှိတ်ခ်ဟာစီနာက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးကိစ္စကို စစ်ကောင်စီနဲ့ ဆွေးနွေးခဲ့ပြီး စစ်ကောင် စီကလည်း ရိုဟင်ဂျာတွေကို နေရပ်ပြန်ခေါ်ဖို့ သဘောတူခဲ့ပေမယ့် ဘာမှမဖြစ်လာခဲ့ဘူးလို့ သူက ဆိုပါတယ်။

ကိုးကား – BSS News
Ref; PM urges int’l community for more support for Rohingyas