ဧရာဝတီတိုင်းမ်
ဧပြီလ ၂၉ ရက်

ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့၊ ခမောက်စုကျေးရွာအုပ်စုမှာဧပြီလ ၂၈ ရက်နေ့ နေ့လည်ပိုင်းက စက်ပိုင်း(၁)ရပ်ကွက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူးရုံးကစတင်လောင်တဲ့မီးကြောင့် လူနေအိမ် ၄ လုံးပါ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးရုံးကနေစလောင်တာ၊ ဝါယာရှော့လို့တော့ပြောနေကြတာပဲ။ ကံကောင်းလို့ ရပ်ကွက်တစ်ခုလုံးမကူးတာ၊ နေ့ဘက်ကအပူရှိန်တွေနဲ့ ဆိုတော့မီးလောင်အားကတအားကောင်းတာ။ကံကောင်းလို့ ရပ်ကွက်တစ်ခုလုံးမကူးတာ”လို့ရပ်ကွက်နေထိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်းကိုပြောပါတယ်။

မီးသတ်တပ်ဖွဲ့၊ လူမူကူညီရေးအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေဝိုင်းငြိမ်းသတ်ခဲ့တာကြောင့် ငြိမ်းသတ်နိုင်ခဲ့ပြီး စတင်လောင်ကျွမ်းတဲ့ အုပ်ချုပ်ရေးမှူးရုံးအပါအ၀င် လူနေအိမ်လေးလုံပျက်စီးဆုံးရူံးခဲ့ပြီး ထိခိုက်ဒဏ်ရာရှိသူမရှိဘူးလို့သိရပါတယ်။

ယခုမီးလောင်မှုမှာ ဟင်္သတာခရိုင်မှာ ၂၀၂၃ ခုနှစ်အတွင်းတတိယအကြိမ်မြောက်ဖြစ်ပွားခြင်းပြီး ပြီးခဲ့တဲ့ ဖေဖေဝါရီလ ၁၄ ရက်နဲ့ မတ်လ ၈ ရက်နေ့မှာ မီးလောင်မှုများဖြစ်ပွားပြီး လူနေအိမ် ၄ လုံးပျက်စီးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ကနေသိရပါတယ်။
#လေးမျက်နှာ #အုပ်ချုပ်ရေးမှူးရုံးမီးလောင် #လူနေအိမ်လေးလုံးပျက်စီး #Ayeyarwaddy_Times