ဧရာဝတီတိုင်းမ်
ဧပြီလ ၂၉ ရက်

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ၊ ကျိုက္ကဆံရပ်ကွက်၊ ငမောက်လမ်းနှင့် မဟူရာလမ်းထောင့်မှာ ဒီကနေ့ ဧပြီလ ၂၉ ရက် မနက် ၁၀ နာရီဝန်းကျင်က ဗိုလ်မှူ(ငြိမ်း) တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သတင်းရရှိပါတယ်။

အဆိုပါ ဗိုလ်မှူး(ငြိမ်း) ဆိုသူမှာ ရဲမင်းသန်း ဖြစ်ပြီး ရင်ဘတ် ဖောက်ဝင်ဒဏ်ရာ ၂ ချက်နဲ့ ကျောကုန်း ဖောက်ထွက်ဒဏ်ရာတို့နဲ့ နေရာမှာပဲ သေဆုံးသွားတယ်လို့ မြိို့ခံတွေကပြောပါတယ်။

“စစ်တပ် အငြိမ်းစားဆိုတော့ စစ်တပ်နဲ့တော့ အဆက်အသွယ်ရှိတယ်။ တစ်ခြားတော့ မသိပါဘူး၊ သူ အိမ်ကနေ ကားအနီရောင်နဲ့ ထွက်လာချိန် မဟူရာလမ်းထောင့်အရောက်မှာပဲ သေနတ်နဲ့အပစ်ခံရတာ။ ဒဏ်ရက တော့ သုံးခုတွေ့တယ်” လို့ ကျိုက္ကဆံရပ်ကွက် ဒေသခံတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကို ပြောပါတယ်။

အဲ့ဒီ ပစ်သတ်ခံရတဲ့ ဗိုလ်မှူး(ငြိမ်း) ရဲမင်းသန်း ကို ဘယ်လက်နက်ကိုင် အဖွဲ့အစည်းက ပစ်သတ်သွားတယ်ဆိုတာကိုတော့ မသိရသေးသလို ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။

ဒါ့ပြင် ဗိုလ်မှူး(ငြိမ်း) ရဲမင်းသန်း သေနတ်နဲ့ပစ်သတ်ခံရပြီးနောက်ငမောက်လမ်းနဲ့ မဟူရာလမ်းထောင့်တွေမှာ လမ်းတွေပိတ်ဆို့ပြီး စစ်ကောင်စီတပ်တွေက ရှာဖွေစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရှိပါတယ်။
#ဗဟန်း #ဗိုလ်မှူး-ငြိမ်း ရဲမင်းသန်း #သေနတ်ဖြင့် #ပစ်သတ်ခံရ
#Ayeyarwaddy_Times