ဧရာဝတီတိုင်းမ်
ဧပြီလ ၂၈ ရက်
နော်ဝေဗဟိုဘဏ်က ရေနံနဲ့ဓာတ်ငွေ့ကုမ္ပဏီနှစ်ခုကို မြန်မာစစ်တပ်နဲ့ဆက်ဆံတဲ့ ကျင့်ဝတ်ဆိုင်ရာတွေ ကြောင့် ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဓနသဟာရရန်ပုံငွေအဖွဲ့ရဲ့ ရင်းနှီးမြုပ်နှံမှုစာရင်းက နေ ပယ်ဖျက်အရေးယူလိုက်ပြီလို့ သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံပိုင် KOGAS နဲ့ အိန္ဒိယဓာတ်ငွေ့လုပ်ငန်း GAIL တို့ကို ဓနသဟာရရန်ပုံငွေအဖွဲ့ရဲ့ ရင်းနှီးမြုပ်နှံမှုစာရင်းကနေ ပယ်ဖျက်အရေးယူလိုက်တာလို့ နော်ဝေဗဟိုဘဏ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
စစ်ပွဲ သို့မဟုတ် ပဋိပက္ခမှာ လက်သင့်ခံဖွယ်ရာမရှိတဲ့ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူး လွန်စေတဲ့ ထောက်ပံ့မှုတွေကြောင့် အဆိုပါကုမ္ပဏီနှစ်ခုကို ဓနသဟာရရန်ပုံငွေအဖွဲ့ရဲ့ ရင်းနှီးမြုပ်နှံမှုစာရင်းကနေ ထုတ်ပယ်ခဲ့တာလို့ ဆိုပါတယ်။
“မြန်မာစစ်တပ်နဲ့ဆက်နွှယ်တဲ့ အဖွဲ့အစည်းတစ်ခုနဲ့ ဒီကုမ္ပဏီတွေက စီးပွားရေးအရ ပူးပေါင်းဆောင်ရွက် နေပါတယ်” လို့ Norges ဘဏ် ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေးအဖွဲ့ (NBIM) က ပြောပါတယ်။
နော်ဝေ ဓနသဟာရရန်ပုံငွေအဖွဲ့ကို လွှတ်တော်ကသတ်မှတ်ထားတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ လမ်းညွှန်ချက် တွေအရ လုပ်ကိုင်ပြီး လမ်းညွှန်ချက်တွေကို လေးစားသမှုမရှိတဲ့ ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပယ်ဖျက် တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း နော်ဝေ ဓနသဟာရရန်ပုံငွေအဖွဲ့ဟာ KOGAS ရဲ့ ဒေါ်လာ ၅ ဒသမ ၅ သန်းတန်ကြေးရှိ အစုရှယ်ယာတွေနဲ့ GAIL ရဲ့ ဒေါ်လာ ၇၀ ဒသမ ၂ သန်းတန်ကြေးရှိ အစုရှယ်ယာတွေ ထိန်းချုပ်ခဲ့တယ်လို့ သိရပါ တယ်။
ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု သို့မဟုတ် စနစ်တကျ ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေမှာ ပါဝင်ပတ်သက်တဲ့ ဘယ်ကုမ္ပဏီကိုမဆို အရေးယူမယ်လို့ နော်ဝေဗဟိုဘဏ်က ပြောကြားထားပါတယ်။
ကိုးကား – Reuters
Ref; Norway sovereign wealth fund excludes Korea Gas, India’s GAIL over Myanmar link