ဧရာဝတီတိုင်းမ်
ဧပြီလ ၂၈ ရက်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာက အုပ်ချုပ်ရေးမှူး၏သားဖြစ်သူမှာ ယမန်နေ့ ဧပြီလ ၂၇ ရက် ညနေ
၅ နာရီဝန်းကျင်တွင် သေနတ်နှင့် ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။

သေနတ်နှင့် ပစ်ခတ်ခံရသည့် စန်းယုမောင်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ကြီး၏ သားဖြစ်ပြီး သေနတ်ဖြင့် ၆ ချက်အပစ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“အမျိုး သား လေးဦး၊ ဆိုင်ကယ် နှစ်စီးနဲ့ ရောက်လာပြီး သေနတ်သံ ခြောက်ချက်လောက်ကြားရတယ်။ ဒဏ်ရာကတော့ နှစ်ချက်လောက်တွေ့ရတယ်။ သူရဲ့အဖေကတော့ စစ်တပ်ကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးပါ” လို့ ပုသိမ်ကြီးမြို့နယ် ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သေနတ်နှင့် ၆ ချက် ပစ်ခတ်ခံရသည့် စန်းယုမောင်သည် မန္တလေးနန်းတွင်း စစ်ဆေးရုံမှာ ဆေးကုသနေစဉ်မှာပဲ သေဆုံးသွားကြောင်း ပုသိမ်ကြီးမြို့ခံများမှ ပြောသည်။

ပစ်သတ်ခံရသည့် အုပ်ချုပ်ရေးမှူး၏သားဖြစ်သူ စန်းယုမောင်ကို မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းက ပစ်သတ်သွားသည်ကိုတော့ မသိရှိသေးကြောင်း ဒေသခံများကပြောသည်။

ဒါ့ပြင် ထို စန်းယုမောင် ဆိုသူ သေနတ်နှင့် ပစ်သတ်ခံရပြီးနောက်
လက်ကောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီတပ်တွေဟာ ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ဒေသခံများကထံကသိရသည်။

#ပုသိမ်ကြီး #အုပ်ချုပ်ရေးမှူး၏သားဖြစ်သူ
#သေနတ်နဲ့ပစ်သတ်ခံရ #Ayeyarwaddy_Times