နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မြဝတီ)၊ဧပြီလ ၂၈ ရက်
ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်ရှိ သက်န်းညီနောင်ကို ဧပြီလ၂၇ရက်နေ့ ည(၁၀)နာရီခန့်က စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အပြင် လက်နက်ကြီးများနှင့်ပါ ပစ်ခက်တိုက်မှုများ ပြုလုပ်ခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲဝင်များထံက
သိရသည်။
“ ညကလာပစ်တာဗျ ည (၁၀)နာရီကျော်လောက်က လက်နက်ကြီးတွေနဲ့လည်း
ပစ်တယ် လေယာဥ်နဲ့လည်းဗုံးလာကြဲတယ် တော်လှန်ရေးအဖွဲ့တွေကိုတော့ထိခိုက်တာမရှိပေမဲ့ ကျေးရွာတွေဘက်မှာတော့ အိမ်တွေ လူမွေးတိရိစ္ဆာန်တွေတော့ ထိခိုက်တာတွေရှိတယ်လို့ “ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကရင်ပြည်နယ် မြဝတီမြို့နယ် ကော့ကရိတ်မြို့နယ် နှင့် ဘားအံ မြို့နယ်များကို စစ်ကောင်စီတပ်မှ မြေပြင်စစ်ကြောင်းထိုးမှုများအပြင် ဝေဟင်ကပါ လေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုများဖြင့် အသာစီးရအောင် ကြိုပမ်းနေခြင်း ဖြစ်သည်။
ဧပြီလအတွင်း ကရင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး နှစ်ဖက်ကျဆုံးမှုများလည်း ရှိနေသည်။