ဧရာဝတီတိုင်းမ်
ဧပြီလ ၂၈ ရက်
အထူးဖွံ့ဖြိုးမှု အကူအညီပေးရေး အစီအစဉ်အရ မြန်မာနိုင်ငံသို့ ပေးပို့ခဲ့တဲ့ ခရီးသည်တင်သင်္ဘောတွေကို စစ်ကောင်စီက စစ်ရေးအတွက် အသုံးပြုနေတာကို ဂျပန်အစိုးရက တရားဝင် ကန့်ကွက်လိုက်တယ်လို့ နိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောပါတယ်။
အလုပ်သမားတွေနဲ့ ကျောင်းသူ/ကျောင်းသားတွေ အသုံးပြုဖို့ ODA အစီအစဉ်မှတစ်ဆင့် ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်အတွင်း ဂျပန်နိုင်ငံက မြန်မာနိုင်ငံသို့ ခရီးသည်တင်သင်္ဘောသုံးစင်း ပေးပို့ခဲ့တာဖြစ်ပါတယ်။
စစ်တပ်နဲ့ ရခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ်မှာ စစ်သားတွေနဲ့ စစ် လက်နက်တွေ ပို့ဆောင်ရာမှာ ဂျပန်နိုင်ငံက လက်ဆောင်ပေးခဲ့တဲ့ သင်္ဘောနှစ်စင်းကို မြန်မာစစ်တပ်က အသုံးပြုခဲ့ တယ်လို့ ပြည်တွင်းမီဒီယာတွေရဲ့ ဖော်ပြမှုတွေကို ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။
အကူအညီပေးရေး စည်းမျဉ်းတွေကို ထပ်မံ မချိုးဖောက်တော့ဘူးလို့ မြန်မာစစ်ကောင်စီက ဂျပန်နိုင်ငံကို ကတိပြုခဲ့တယ်လို့ ဝန်ကြီးဌာနမှ တာဝန်ရှိသူတွေက ပြောပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအတွင်း စစ်ကောင်စီက တိုင်းပြည်ကိုထိန်းချုပ်ပြီးနောက် မြန်မာနိုင်ငံသို့ ပေး အပ်နေတဲ့ ဖွံ့ဖြိုးရေးအကူအညီသစ်တွေကို ဂျပန်နိုင်ငံက ရပ်ဆိုင်းခဲ့ပါတယ်။
ဒါပေမယ့်လည်း ဂျပန်နိုင်ငံက မြန်မာနိုင်ငံနဲ့ သဘောတူထားတဲ့ ရှိယင်းစွဲ ODA အကူအညီတွေ ဆက် လက်ပေးအပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်း ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေချိန် အကူအညီပေး အပ်နေတဲ့အတွက် ဂျပန်အစိုးရဟာ ဝေဖန်ခံနေရပါတယ်။
ဂျပန်ကုမ္ပဏီတစ်ခုဟာ ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုအတွက် မြန်မာစစ်တပ်နဲ့ဆက်နွှယ်တဲ့ ကုမ္ပဏီတစ်ခုကို ဒေါ်လာ ၂ သန်းခန့် ပေးချေခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောပါတယ်။
မြန်မာစစ်တပ်ကို အကျိုးဖြစ်စေတဲ့ လူသားချင်းစာနာမှုမဟုတ်သော အကူအညီအားလုံး ရပ်ဆိုင်းဖို့ HRW က ဂျပန်အစိုးရကို တောင်းဆိုခဲ့ပါတယ်။
ကိုးကား – The Asahi Shimbun
Ref; Japan chides Myanmar after donated ships used by junta