ဧရာဝတီတိုင်းမ်
ဧပြီလ ၂၈ ရက်
ဧရာ၀တီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်ရှိ မြို့မရဲစခန်းမှ အချုပ်သားများ အချုပ်ခန်းဖောက်ထွက်ပြေးမှု ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ကျောင်းကုန်းရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
ဧပြီ ၂၇ ရက်နေ့ နံနက်ပိုင်းက ကျောင်းကုန်းမြို့နယ်၊ မြို့မရဲစခန်းရှိအချုပ်မှ အချုပ်သား ၈ ဦး အချုပ်ခန်းဖောက်၍ ထွက်ပြေးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများမှ ပြောသည်။
“အချုပ်သား ၈ ဦးပါ။ ပြန်မမိသေးဘူး။ တာ၀န်ကျရဲနဲ့ ကင်းမှူးကိုတော့ စစ်နေတယ်။ စခန်းမှူးလည်းတိုင်ပတ်နေတယ်”ဟု ကျောင်းကုန်းမြို့နယ်ရှိ ရဲတပ်ဖွဲ့၀င်တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ထွက်ပြေးခဲ့လွတ်မြောက်သွားသည့် အချုပ်သားများကိုပြန်လည် ဖမ်းဆီးရမိခြင်းမရှိသေးဘဲ မည်သည့်အကြောင်းကြောင့် အချုပ်ကျနေ သည်ကိုမူ အတည်ပြု၍ မရသေးပေ။
ကျောင်းကုန်းမြို့နယ်ရှိ မြို့နယ်ရဲစခန်းမှ တာ၀န်ကျရဲ များအနေဖြင့် အချုပ်သားလွတ်မြောက်သွားမှုကြောင့် ထောင်ဒဏ် ၃ နှစ်ကျခံရမည်ဖြစ်ပြီး စစ်ဆေးမှုများနှင့်ရင်ဆိုင်နေရကြောင်းနှင့် တပ်ဖွဲ့၀င်များအစားထိုးရန် မရှိသည့်အတွက် ထောင်ကျမည်မဟုတ်ဟုလည်း ရဲတပ်ဖွဲ့၀င်များမှ ပြောဆိုနေကြသည်။
#ကျောင်းကုန်းမြို့ #ရဲစခန်းအချုပ် #ဖမ်းဆီးထားသူရှစ်ဦး #ထွက်ပြေးလွတ်မြောက် #Ayeyarwaddy_Times