ဧရာဝတီတိုင်းမ်
ဧပြီလ ၂၇ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့မှာ ဧပြီလ ၂၅ ရက်နေ့က အချိန်အခါမဟုတ်မိုးရွာ သွန်းပြီးလေပြင်းတိုက်လို့ လူနေအိမ် ၈ လုံး ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနကနေ သိရပါတယ်။

“ရုတ်တရက် မိုးရွာပြီးလေပြင်းတိုက်လို့ အိမ်တွေအမိုးလန်ပြီး ပျက်စီးကုန်တာ၊ လူနဲ့တိရိစ္ဆာန်ထိခိုက်သေဆုံးတာမျိုးတော့မရှိပါဘူး”လို့ဧရာဝတီတိုင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲ ရေးဦးစီးဌာနက၀န်ထမ်းတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် ရေကြည်မြို့က ပျဥ်းကိုးပင်ကျေးရွာမှာ ဓနိမိုး၊ထရံကာ၊ဝါးခင်းလူနေအိမ် ၄ လုံး၊မြောက်စမ်းကျေးရွာ၊မိဿလင်ကျေးရွာ၊မျှော့တူကျေးရွာတို့မှ ဓနိမိုး၊ထရံကာ၊ဝါးခင်းလူနေအိမ် ၄ လုံး၊ စုစုပေါင်း ၈ လုံး(အမိုးလန်)ပျက်စီးခဲ့တာလို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ ၂၀၂၃ မတ်လ အထိအချိန် အခါမိုးရွာသွန်း လေပြင်းတိုက်ခတ်မှုတွေကြောင့် သာပေါင်း၊ ကန်ကြီးတောင့်၊ ပုသိမ်၊ ဖျာပုံ နဲ့ လေးမျက်နှာ မြို့နယ်တွေက လူနေအိမ် ၉၀ ကျော် ပျက်စီခဲ့တယ်လို့ ဧရာဝတီတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှတ်တမ်းတွေအရသိရပါတယ်။
#ရေကြည်မြို့နယ် #လေပြင်းတိုက် #နေအိမ်ရှစ်လုံးပျက်စီး #Ayeyarwaddy_Times