ဧရာဝတီတိုင်းမ်
ဧပြီလ ၂၇ ရက်

ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသို့ နေရပ်ပြန်လည်ပို့ဆောင်ရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပံ့ပိုးကူညီမယ်လို့ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ထပ်လောင်းပြောကြားလိုက်ပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်ကို လက်ခံထားရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့မယ့် ကြိုးပမ်းမှုတွေကို ကျွန်တော်တို့ ဆက်လက် ကူညီမှာဖြစ် ပါတယ်” လို့ ကီရှီဒါက ပြောပါတယ်။

“ကျွန်တော်တို့ နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်ခဲ့ ပါတယ်” လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲထုတ်ပြန်ချက်တစ်ခုအ တွင်း ကီရှီဒါက ပြောပါတယ်။

နှစ်နိုင်ငံစလုံးက နယ်ပယ်အသီးသီးမှာ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ပူး ပေါင်းဆောင်ရွက်မှု တိုးချဲ့ဖို့ လုပ်ဆောင်မယ်လို့ သူက ဆိုပါတယ်။

မဟာဗျူဟာမြောက် မိတ်ဖက်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေးကို အခြေခံကာ လွတ်လပ်ပွင့်လင်းသော နိုင်ငံတကာဥပဒေ လိုက်နာစောင့်ထိန်းဖို့ ကတိကဝတ်ကို နှစ်နိုင်ငံစလုံးက အတည်ပြုခဲ့တယ်လို့ ရှိတ်ခ်ဟာစီနာနဲ့ တွေ့ဆုံချိန်အတွင်း ကီရှီဒါက ပြောပါတယ်။

ပြီးခဲ့တဲ့လအတွင်း ကြေညာခဲ့တဲ့ လွတ်လပ်ပွင့်လင်းသော အာရှ-ပစိဖိတ်ဒေသဖြစ်ပေါ်ရေး အစီအစဉ်သစ် ကို အခြေခံကာ နယ်ပယ်အသီးသီးမှာ နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာအောင်လုပ်ဆောင်ဖို့ နှစ်နိုင်ငံစလုံးက သဘော တူခဲ့တယ်လို့ သူက ဆိုပါတယ်။

“စီးပွားရေးနယ်ပယ်မှာ ဂျပန်-ဘင်္ဂလားဒေ့ရှ် စီးပွားရေးမိတ်ဖက်ဆောင်ရွက်မှု သဘောတူညီချက်ဆိုင်ရာ ပူးတွဲလေ့လာမှုတွေကတစ်ဆင့် တိုးတက်မှုတွေလုပ်ဆောင်ဖို့ ကျွန်တော်တို့ သဘောတူခဲ့ပါတယ်” လို့ ကီရှီဒါက ပြောပါတယ်။

ကိုးကား – BSS News
Ref; Japan continues its support to Bangladesh on Rohingya issue

#Ayeyarwaddy_Times