ဧရာဝတီတိုင်းမ်
ဧပြီလ ၂၇ ရက်

ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ မရင်းကူးရွာမှာနေထိုင်တဲ့ မှုခင်းသတင်းထောက် တင်သန်းဆိုသူ ဧပြီ ၂၇ ရက် နံနက် ၇ နာရီခန့်က သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသွားတဲ့ မှုခင်းသတင်းထောက် ဦးတင်သန်းဆိူသူဟာ ယခင် က နေပြည်တော် တင်သန်းအမည်နဲ့မှုခင်း သတင်းထောက် တစ်ဦးလည်းဖြစ်ကာ စစ်တပ်အာဏာသိမ်း ပြီးနောက်ပိုင်း စစ်ကောင်စီ နဲ့ပေါင်းပြီးသတင်းပေးမှုကြောင့်ဖမ်းဆီးခံရသူအများအပြား ရှိခဲ့လို့ ခုလိုပစ်သတ်ခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“သူက စစ်တပ်နဲ့ရဲတွေနဲ့တော့ အဆက်အသွယ်ရှိတယ် မှုခင်းသတင်းထောက်လဲလုပ်တော့ သူမကျေနပ်တဲ့လူဆို တိုင်ပြီးဖမ်းခိုင်းတာမျိုးရှိတယ်၊ အမှုတွေဘာတွေ ဖြစ်ရင်လဲ သူကကြားကနေရဲနဲ့လိုက်ညှိပေးတယ် အမှုပွဲစားပုံစံမျိုးပေါ့ မနက်ကသူ့အိမ်ပေါ်တက်ပစ်သွားတာ ရင်ဘတ်ကိုပဲထိတာ နှစ်ချက်”လို့ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။

မှုခင်းသတင်းထောက် ဦးတင်သန်းဆိူသူဟာ သူမကျေနပ်သူများ ကို လည်းစစ်ကောင်စီထံ အမျိုးမျိုးတိုင်ကြားသဖြင့် ဒေသတွင်းကစီးပွားရေးလုပ်ငန်းရှင်များက သူ့က်ိုကြောက်နေရ တယ်လို့ ဒေသခံ တွေကပြောပါတယ်။

ပစ်ခတ်မှုနဲ့ပတ်သတ်ပြီး ပုသိမ်ခရိုင်အတွင်းလှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုတွေဘက်က သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးပဲ လက်ရှိအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ရဲများက ငါးသိုင်းချောင်းမြို့ ကျုံတာလမ်းဆုံ၊ ပိတောက်ချောင်ဂိတ်တို့မှာ ပိတ်ဆို့စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။

#ငါးသိုင်းချောင်းမြို့ #မှုခင်းသတင်းထောက် #စစ်ကောင်စီသတင်းပေး #ပစ်သတ်ခံရ #Ayeyarwaddy_Times