ဧရာဝတီတိုင်းမ်
ဧပြီလ ၂၇ ရက်
ဧရာဝတီတိုင်းမှာ ပထမဆုံး လူနာသစ် ၅ ဦးတွေ့ရှိခဲ့တယ်လို့ ဧပြီလ ၂၆ ရက်နေ့ ညနေပိုင်းမှာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ပုသိမ်မြို့က အတည်ပြုလူနာဟာ အထည်ချုပ်စက်ရုံ၀န်ထမ်းတစ်ဦး ဖြစ်တယ်လို့ တိုင်းကျန်းမာရေးနဲ့ နီးစပ်သူတွေထံကနေသိရပါတယ်။
“ကျန်းမာရေးက ထုတ်ပြန်တာ၂၆ ရက်နေ့မှ အမှန်က
ကိုဗစ်စတွေ့တာ ၂၄ ရက်နေ့ထဲက အထည်ချုပ်၀န်ထမ်းမိန်းကလေးမှာတွေ့တာ။ ဘယ်အထည်ချုပ်စက်ရုံဆိုတာတော့ သတင်းအုပ်ထားတယ်၊ မနေ့ကတော့
စက်ရုံက သူနဲ့ထိစပ်သူအကုန်လုံးကိုပိုးစစ်တယ်၊ သူ့မိသားစုကိုလည်း စစ်နေတယ်ထပ်ပြီးတွေ့နိုင်တယ်”လို့ တိုင်းကျန်းမာရေးရုံးနဲ့နိီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
လက်ရှိ ပုသိမ်မြို့မှာ အထည်ချုပ်စက်ရုံအားလုံးပုံမှန်အတိုင်းဖွင့်လှစ်ထားပြီး သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေက ရောဂါပိုးတွေ့ရှိတဲ့သူရဲ့ ကူးစက်ခံရမှုအသေးစိတ်အချက်အလက်တွေကိုတော့ ဖော်ပြပေးတာမျိုးမရှိတာကြောင့် ပုသိမ်မြို့ခံတွေကစိုးရိမ်နေကြပါတယ်။
ဧပြီလ၂၆ ရက်နေ့မှာ ဧရာ၀တီတိုင်းမှာကိုဗစ်အတည်ပြုလူနာသစ် ၅ ဦးတွေ့ရှိခဲ့ပြီးပုသိမ်မြို့က တစ်ဦးနဲ့ မြန်အောင်မြို့က ၄ ဦးဖြစ်တယ်လို့စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပြီး လူနာတွေ ဘယ်ကကူးစက်မှုဖြစ်ခဲ့တယ်ဆိုတဲ့အချက်အလက်တွေကို ဖော်ပြထားခြင်းမရှိပါဘူး။
စစ်ကောင်စီက သင်္ကြန်ပွဲတော်ပြုလုပ်ပြီး တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၅၀၀ ဝန်းကျင်ထိပြန်လည်များပြားလာတာကြောင့် စိတ်ပူရတဲ့အနေအထားဖြစ်တယ်လို့ CDM ဆရာဝန်တွေက သတိပေးပြောဆိုထားပါတယ်။
#ပုသိမ်မြို့ #အထည်ချုပ်ဝန်ထမ်း #ကိုဗစ်ရောဂါပိုးတွေ့ #Ayeyarwaddy_Times