ဧရာဝတီတိုင်းမ်
ဧပြီလ ၂၇ ရက်

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်မှုတိုးမြှင့်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တောင် ကိုရီးယားသမ္မတ ယွန်ဆတ်ယိုလ်က သဘောတူလိုက်ပါတယ်။

မနေ့က အိမ်ဖြူတော် ဘဲဥပုံခန်းမမှာ တွေဆုံဆွေးနွေးပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဂျိုးဘိုင် ဒင်နဲ့ ယွန်ဆတ်ယိုလ်က အခုလိုပြောကြားခဲ့တာပါ။

အမေရိကန် သို့မဟုတ် မဟာမိတ်တွေအပေါ် နျူကလီးယားတိုက်ခိုက်မှုပြုလုပ်လာပါက ဘယ်အစိုးရမဆို အဆုံးသတ်စေမယ်လို့ ဂျိုးဘိုင်ဒင်က မြောက်ကိုရီးယားနိုင်ငံကို သတိပေးခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ဉီးဟာ မမျှော်လင့်သောဖြစ်ရပ်တွေကို ဘယ်လို လက်တုံ့ပြန်မယ်ဆိုတာ ဖော်ပြထားတဲ့ သဘောတူညီသစ်တစ်ခုဖြစ်တဲ့ “ဝါရှင်တန်ကြေညာချက်” ကို ကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယားက နျူကလီးယားနဲ့ တိုက်ခိုက်လာမယ်ဆိုရင် တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံက မြန်ဆန်စွာ လက်တုံ့ပြန်ကာ နျူကလီးယားလက်နက်တွေ အပါအဝင် မဟာမိတ်တပ်ဖွဲ့တွေကို အင်အားပြည့် အ သုံးပြုတိုက်ခိုက်မယ်လို့ ယွန်ဆတ်ယိုလ်က ဆိုပါတယ်။

သဘောတူညီချက်သစ်အရ ၁၉၈၀ ခုနှစ်တွေနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် နျူကလီး ယားစွမ်းအင်သုံး ရေငုပ်သင်္ဘောအုပ်စုက တောင်ကိုရီးယားနိုင်ငံမှာ ဆိုက်ကပ်ဖို့ ကတိကဝတ်သစ်တစ်ခုလည်း ပါ ဝင်ပါတယ်။

သဘောတူညီချက်အရ ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုထိန်းသိမ်းဖို့ အမေရိကန်နိုင် ငံက ရည်ရွယ်တယ်လို့ သိရပါတယ်။

ယွန်ဆတ်ယိုလ်ဟာ ၁၂ နှစ်အတွင်း တောင်ကိုရီးယားသမ္မတတစ်ဉီးအနေနဲ့ အမေရိကန်နိုင်ငံသို့ ပထမ ဆုံးအကြိမ် တရားဝင်ခရီးစဉ် သွားရောက်နေတာပါ။

ကိုးကား – NHK
Ref; Biden, Yoon agree to boost defense against N.Korea