ဧရာဝတီတိုင်းမ်
ဧပြီလ ၂၇ ရက်
အီတလီနိုင်ငံပြန်လည်တည်ထောင်ခြင်းနဲ့ ဖက်ဆစ်အာဏာရှင်လက်အောက်က လွတ်မြောက်တဲ့ နေ့ဖြစ်တဲ့ အရေးပါတဲ့ ဧပြီ ၂၅ ရက်နေ့မှာ အီတလီနိုင်ငံ ကာဆာချယ်ဗီပြတိုက်မှာပြုလုပ်ခဲ့တဲ့အထိမ်းအမှတ်ပွဲကို ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ပြီး စကားပြောကြားခဲ့ပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။
“ဖက်ဆစ်စနစ်ကို မြန်မာပြည်မှာလည်း အမြစ်ဖြတ်ရတော့မှာပါ။ အကြမ်းဖက်စစ်ကောင်စီရရှိနေတဲ့ ဝင်ငွေရလမ်းတွေ အားလုံးကို ဖြတ်တောက်နိုင်ရင် ဖက်စစ် စစ်တပ်ကျဆုံးမှာပါ”လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
အီတလီနိုင်ငံရဲ့ အထင်ကရ နေရာဖြစ်တဲ့ ကာဆာချယ်ဗီ ပြတိုက်မှာ နိုင်ငံအတွင်းက လူပေါင်း ၁၅၀၀၀ လောက်တက်ရောက်ခဲ့တာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က တက်ရောက် မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။
#NUG #နိုင်ငံခြားရေးဝန်ကြီး #ဒေါ်ဇင်မာအောင် #မိန့်ခွန်ပြော
#Ayeyarwaddy_Times