ဧရာဝတီတိုင်းမ်
ဧပြီလ ၂၇ ရက်

စစ်တပ်အုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာ သွေးစွန်းတဲ့ အကျပ်အတည်းဖြစ်ပွားမှု လျှော့ချဖို့ လျှို့ဝှက်ကြိုးပမ်းမှု တစ်ခုအနေနဲ့ အိန္ဒိယနဲ့ တရုတ်အပါအဝင် မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေက ကိုယ်စားလှယ်တွေဟာ မနေ့က နယူး ဒေလီမြို့မှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းရင်းမြစ်နှစ်ခုက ပြောပါတယ်။

အခုပြုလုပ်တဲ့ ဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့လအတွင်း ထိုင်းနိုင်ငံမှာ စတင်ခဲ့တဲ့ “Track 1.5” လို့ အမည်ပေး ထားတဲ့ ဒုတိယမြောက် ဆွေးနွေးမှုဖြစ်ပြီး ၂၀၂၁ ခုနှစ် ဧပြီလအတွင်း သဘောတူခဲ့တဲ့ ငြိမ်းချမ်းရေးစီမံချက်ကို မြန်မာစစ်တပ်က ဖော်ဆောင်ဖို့ ပျက်ကွက်တာကြောင့် အာဆီယံနိုင်ငံတွေကြား စိတ်ပျက်စရာတွေဖြစ်နေတာ ကြောင့် ဆွေးနွေးမှုပြုလုပ်တာဖြစ်ပါတယ်။

မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ အာဆီယံဥက္ကဌ အင်ဒိုနီးရှားနိုင်ငံတို့က အစည်း အဝေးကို တက်ရောက်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ပြောပါတယ်။

“NUG နဲ့ အာဏာသိမ်းစစ်တပ်က တရားဝင် မဆွေးနွေးတာကြောင့် အစည်းအဝေးတက်ရောက်သူအချို့ က တစ်ချိန်မှာ NUG ကို တရားဝင် ဆွေးနွေးလိုကြတယ်” လို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

ဆွေးနွေးပွဲကို အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနက ကမကထပြုလုပ်ကာ တက်ရောက်သူအားလုံးက အ ကြမ်းဖက်မှုလျှော့ချရေး၊ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီ ပေးအပ်ခွင့်ရရှိရေးကို ဆွေးနွေးခဲ့ကာ နောက်တစ်ကြိမ် ဆွေးနွေးမှုကို လာအိုနိုင်ငံမှာ ပြုလုပ်မယ်လို့ ဒုတိယသတင်းရင်းမြစ်က ဆိုပါ တယ်။

“အိမ်နီးချင်းတိုင်းပြည်တွေရဲ့ အမြင်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေအ တွက် အရေးကြီးဆုံးက အကြမ်းဖက်မှုတွေ လျှော့ချဖို့ဖြစ်ပါတယ်” လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီကို အနောက်နိုင်ငံတွေက ဖယ်ကြဉ်ထားပေးမယ့် စစ်ကောင်စီဟာ ရုရှားနိုင်ငံနဲ့ ထိတွေ့ ဆက်ဆံမှု အရှိန်မြှင့်ခဲ့ကာ မကြာသေးမီက ထိုင်းစစ်တပ်အကြီးအကဲ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကုလသမဂ္ဂ အကြီး အကဲဟောင်း ဘန်ကီမွန်းတို့လိုမျိုး ပုဂ္ဂိုလ်တွေကို မြန်မာနိုင်ငံမှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Sources: Myanmar’s neighbours, some Asean members hold secretive talks on crisis