ဧရာဝတီတိုင်းမ်
ဧပြီလ ၂၆ ရက်
မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ အောင်ချမ်းသာကွက်သစ်ရှိ ပြည်တွင်းအခွန်ဦးစီးရုံးဟာ ဧပြီလ ၂၆ ရက် ည ၁၂ နာရီ ၃၀ မိနစ်မှာ ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။
အဆိုပါ ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ပြည်တွင်းအခွန်ဦးစီးရုံးမှ သံပန်းခြံစည်းရိုးတံခါး၊ မျက်နှာကျက််၊ တံခါး၊ ပြတင်းပေါက် အပြင် ရုံးအတွင်းရှိ ပစ္စည်းတစ်ချို့ပါ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
“ဆိုင်ကယ်သုံးစီးနဲ့ရောက်လာကြတယ် ဘယ်သူတွေဆိုတာတော့မသိပါဘူး။ တစ်ချက်ထဲပဲ ရုံးဝင်ပေါက်တည့်တည့်ကို ပစ်သွားကြတယ်၊ ရုံးကတော့ တော်တော်များများ ပျက်စီးသွာတယ်” လို့ ဘီးလင်းမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောပါတယ်။
အဲ့ဒီ ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်မှုဟာ ဘယ်လက်နက်ကိုင်အဖွဲ့ အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရှိရသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။
ဒါ့ပြင် ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားအလုံးအရင်းနဲ့ ရောက်ရှိလာပြီး ရပ်ကွက်တွေထဲမှာ ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတယ် လို့ ဘီးလင်းမြို့ခံတွေကပြောပါတယ်။