နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ)/ဧပြီလ၂၆ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ကုန်းလမ်းပို့ဆောင် ညွုန်ကြားရေးမှူးရုံး (ကညန) တွင် စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်အား ယနေ့ ဧပြီလ ၂၆ရက်နေ့ နံနက် ၁၁ ခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ မုံရွာ ကညန ရုံးကို သွားရောက် တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်မှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ MONYWA. The Boya (ဓားမဆိုင်းတပ်မတော်) နဲ့ SPring Dove Monywa Nightking 5/ UG ဟေတန်တိုက တိုက်ခိုက်ခဲ့တာပါ” ဟု ဓါးမဆိုင်း တပ်ဖွဲ့တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ကညန ရုံးကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ယင်းမာပင်ခရိုင် ဓားမဆိုင်းတပ်ရင်း (၂၈) တို့မှ ပူပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#စစ်ကိုင်းတိုင်း #မုံရွာမြို့နယ် #ကညနရုံး #Ayeyarwaddy_Times