ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ ဧပြီ ၂၆ ရက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ရုံးဝင်းအတွင်းတွင် ယနေ့ ဧပြီလ ၂၆ ရက်နေ့ နံနက် ၈နာရီ ၃၀ မိနစ်ခန့်က လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံများ ကြားရကြောင်းဒေသခံများထံက သိရသည်။

အဆိုပါထွေအုပ်ရုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားပြီး နှစ်ဘက်ပစ်ခတ်မှုများ ဖြစ်ပွားနေသည်ဟု ယူဆကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“လက်နက်ကြီးက အချက် ၂၀ လောက်ရှိတယ်။ လက်နက်ငယ်တော့ အများကြီးကြားရတယ်။နှစ်ဘက်ပစ်ခတ်မှုဖြစ်နေတာ ကတော့သေချာတယ်” ဟု ဒေသခံပြည်သူအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲအခြေအနေနှင့် ထိခိုက်မှုအခြေအနေများကို သိရှိနိုင်ရန်အတွက် ဧရာ၀တီတိုင်းမ် သတင်းဌာနမှ ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး ထပ်မံဖော်ပြပေး​သွားမည်ဖြစ်ပါသည်။
#ချင်းပြည်နယ် #ကန်ပက်လက်မြို့ #ထွေအုပ်ရုံး #တိုက်ပွဲဖြစ်ပွား #Ayeyarwaddy_Times