ဧရာဝတီတိုင်းမ်
ဧပြီလ ၂၆ ရက်

စစ်ကိုင်တိုင်း၊ တန့်ဆည်မြို့နယ်၊ နားဋောင်းကျကျေး ရွာရှိ ပျူ‌စောထီးစခန်းကို ဧပြီလ ၂၅ ရက်နေ့တွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များမှ ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နံနက် ၃ နာရီ၀န်းကျင်ခန့်တွင် တန့်ဆည်၊ နားဋောင်းကျကျေးရွာရှိ ပျူစောထီးတို့၏ အထိုင်စခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ များမှ ၀င်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁၂ ဦး သေ ဆုံးပြီး လက်နက်များသိမ်းဆည်းရမိခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်မှပြောသည်။

“မနက်အစောကြီး အဲဒီရွာကို၀င်စီးခဲ့တာပါ။ အဲဒီစခန်းက ကန့်ဘလူနဲ့ တန့်ဆည်မြို့နယ်နှစ်နေရာကြားမှာရှိတာပါ။ ပျူနဲ့ စစ်ကောင်စီ ၁၂ ယောက်သေတယ်။ အထိုင်စခန်းကို သိမ်းနိုင်ခဲ့ပါတယ်”ဟု တန့်ဆည်မြို့နယ် PDF တပ် ရင်းမှ ခေါင်းဆောင်ဖြစ်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲကို တစ်နာရီနီးပါးကြာတိုက်ခိုက်ခဲ့ရပြီး ယင်းပျူစခန်းသည် စစ်ကောင်စီကိုထောက်ခံသည့် စစ်ကိုင်းတိုင်းရှိ ဘုန်းကြီးဦးဝါသ၀မှ သင်တန်းပေးထားသည့် ပျူစောထီးများဖြစ်ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီနှင့် ပျူစောထီးများ၏ လက်နက် ၇ လက်နှင့် ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့သည်ဟုဆိုသည်။

ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် တန့်ဆည်ပကဖ၊ တန့်ဆည် Mobile PDF၊ ရွှေဘိုခရိုင် PDF တပ်ရင်း ၆၊ တပ် ရင်း ၇၊ တပ်ရင်း ၉၊ တပ်ရင်း ၁၂၊ တပ်ရင်း ၂၅ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်နှစ်ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#တန့်ဆည် #ပျူစောထီးစခန်း #တိုက်ခိုက်သိမ်းပိုက်ခံရ #ပျူစောထိီးများအသေးဆုံးများ #Ayeyarwaddy_Times