ဧရာဝတီတိုင်းမ်
ဧပြီလ ၂၅ ရက်

ဧရာ၀တီတိုင်းအတွင်းက ​မြို့နယ်တွေမှာ စစ်ကောင်စီက ဖုန်းများကိုစစ်ဆေးခြင်းနဲ့ လူမှုကွန်ရက် (facebook) သုံးစွဲသူများကို စောင့်ကြည့်မှုများပြုလုပ်နေပြီး ဧပြီလ ၂၅ ရက်နေ့အထိပြည်သူ ၁၀ ဦးအထိဖမ်းဆီးခံထားတယ်လို့ သိရပါတယ်။

ပဇီကြီးကျေးရွာအတွက် ဝမ်းနည်းကြောင်းတင်တဲ့ သူတွေနဲ့ သင်္ကြန်နဲ့ပတ်သက်ပြီး ဝေဖန်စာရေးသားတဲ့ သူတွေကို ရှာဖွေဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ဧပြီလတွင်းမှာ အဓိကဖမ်းတာက ပဇီကြီးရွာကိစ္စ၀မ်းနည်းကြောင်းရေးတဲ့လူတွေ၊ စစ်ကောင်စီရဲ့ သင်္ကြန်ကို ဝေဖန်တဲ့လူတွေနဲ့ PDF တွေရဲ့ အကောင့်တွေမှာ မှတ်ချက်၀င်ရေးတဲ့လူတွေအများဆုံး အဖမ်းခံရတာ “လို့ တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲက လူတစ်ချို့ကို အမှုမဖွင့်ဘဲ စခန်းမှာ ငွေတောင်းယူပြီး ပြန်လွှတ်တာလိုက်တာလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၁ ရက်နေ့က စတင်ပြီး ယနေ့ ၂၅ ရက်နေ့အထိ လူမှုကွန်ယက်မှာ စစ်ကောင်စီကိုဆန့်ကျင်တဲ့စာများတင်တယ်ဆိုပြီး ပုသိမ်မြို့က ၄ဦး၊ ချောင်းသာမြို့က ၁ဦး၊ လပွတ္တာမြို့က ၁ ဦး၊ မအူပင်မြို့က ၁ ဦး၊ ဘိုကလေးမြို့က ၃ ဦးဖမ်းဆီးခံခဲ့ရပြီး ယနေ့ထိ ဖမ်းဆီးထားသူ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁ ဦးထိရှိလာနေပြီဖြစ်တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။

“စစ်ကောင်စီက မနိုင်နိင်ရာမည်းနေတာ၊ အမျိုးမျိုးဖိနိပ်နေတာ၊ ပြည်သူကို ရန်သူလိုသဘောထားနေတာ အပြင်သွားရင်တင်ထားတာတွေ၊ ပြောထားတဲ့စာတွေဖျက်သွားတာအလုံခြုံဆုံးပဲ”လို့ ပုသိမ်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောပါတယ်။

လက်ရှိမှာဖမ်းဆီးထားသူတွေကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၂(က)၊ ၅၀၅(က)၊ အိီလက်ထရောနစ်ဥပဒေတွေနဲ့ တရားစွဲဆိုထားတယ်လို့ တိုင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

#ဧရာဝတီတိုင်း #စစ်ကောင်စီတပ် #မှတ်ချက်ရေးသူများ #အဖမ်းခံရ #Ayeyarwaddy_Times