ဧရာဝတီတိုင်းမ်
ဧပြီလ ၂၅ ရက်

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး ၂ နှစ်ကြာပြီးချိန်အထိ စစ်ကောင်စီဟာ သဘောတူညီထားတဲ့ မြန်မာ့အ ကျပ်အတည်း ဖြေရှင်းမယ့် ငြိမ်းချမ်းရေးစီမံချက်တစ်ရပ်ကို မဖော်ဆောင်သေးပါဘူး။

စစ်တပ်က အာဏာသိမ်းပြီး ၂ လအကြာ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော် မှာ စစ်ကောင်စီနဲ့ အာဆီယံအဖွဲ့ကြား အချက် ၅ ချက်ပါ ဘုံသဘောတူညီချက် ရရှိခဲ့တာပါ။ နိုဝင်ဘာလ ရွေး ကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုပြီး စစ်တပ်က နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေး ကောက်ခံအစိုးရကိုဖြုတ်ချကာ အာဏာသိမ်းယူခဲ့တာပါ။

အာဏာသိမ်းစစ်တပ်ဟာ ငြိမ်းချမ်းရေးစီမံချက်ကို ဖော်ဆောင်ဖို့ စိတ်မဝင်စားဘူးဆိုတာ မြန်မာနိုင်ငံမှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေက ပြသခဲ့ပါတယ်။ အာဆီယံခေါင်းဆောင်တွေက မြန်မာစစ်တပ် အကြီးအကဲ မင်းအောင်လှိုင်နဲ့ အထူးအစည်းအဝေးတစ်ရပ် ပြုလုပ်ပြီးနောက် ဘုံသဘောတူညီချက် ၅ ရပ်ကို ချ မှတ်ခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်စဲဖို့နဲ့ အာဆီယံကို မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှု အကူအညီ ပေး အပ်ခွင့်ပြုဖို့ အာဆီယံခေါင်းဆောင်တွေနဲ့ မင်းအောင်လှိုင်က သဘောတူခဲ့တာပါ။

သက်ဆိုင်သူအားလုံးနဲ့ အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့၊ အထူးကိုယ်စားလှယ် ကို မြန်မာနိုင်ငံသို့လာရောက်ကာ ကြားဝင်ဖျန်ဖြေခွင့်ပြုဖို့ ကတိကဝတ်တစ်ခုလည်း ရှိခဲ့ပါတယ်။
လမ်းညွှန်မြေပုံ လိုအပ်

ဘုံသဘောတူညီချက်မှာ လမ်းညွှန်မြေပုံတစ်ခု လိုအပ်တယ်လို့ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး ဗဟိုဌာန မြန်မာအစီအစဉ် ညှိနှိုင်းရေးမှူး ဒေါက်တာ လီနာအလက်ဇန္ဒရားက ပြောပါတယ်။

“ဘုံသဘောတူညီချက်မှာ လမ်းညွှန်မြေပုံရှိမယ်ဆိုရင် လက်ရှိ ကျွန်မတို့မြင်တွေ့နေတဲ့ အခြေအနေနဲ့ ခြားနားတဲ့အခြေအနေတစ်ခု ရှိမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံမှာ ရှင်းလင်းတဲ့ လမ်းညွှန် မြေပုံတစ်ခု ရှိလို့ဖြစ်ပါတယ်” လို့ လီနာအလက်ဇန္ဒရားက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း လမ်းညွှန်မြေပုံကိစ္စ ဖော်ဆောင်ရေးအကြံဉာဏ် တစ်ဖြည်းဖြည်း ပြန်ပေါ် လာခဲ့ပါတယ်။ ဘုံသဘောတူညီချက်ကို ထောက်ခံမယ့် ရှင်းလင်းပြတ်သားသော အချိန်ကာလတစ်ရပ်နဲ့ လက် ဆုပ်လက်ကိုင်ပြနိုင်သော ရလဒ်တွေ လိုအပ်တယ်ဆိုတာ ကမ္ဘောဒီးယားနိုင်ငံမှာပြုလုပ်တဲ့ အာဆီယံထိပ်သီးဆွေး နွေးပွဲမှာ ခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ပါတယ်။

အခုလိုမျိုးအစီအစဉ်က အာဆီယံအဖွဲ့ကို စည်းလုံးစွာဖြင့် မြန်မာ့အရေး ဖြေရှင်းနိုင်မယ့် လမ်းညွှန်ချက် တစ်ခု ရရှိစေမယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောပါတယ်။ ဒါပေမယ့်လည်း အကောင် အထည်ဖော်ဆောင်ရေး အစီအစဉ်နဲ့ပတ်သက်လို့ တိုးတက်ဖြစ်ထွန်းမှု အသေးစိတ်အခြေအနေကို ရှင်းရှင်းလင်း လင်း မသိရပါဘူး။

အာဆီယံရဲ့ မစွက်ဖက်ရေးမူ

အာဏာသိမ်းမှုနောက်ပိုင်း လအနည်းငယ်အကြာ ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှာ အာဆီယံခေါင်းဆောင်တွေ ဟာ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်တွေကို ဒေသတွင်းထိပ်သီးဆွေးနွေးပွဲနဲ့ အစည်းအဝေးတွေမှာ တက် ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ စစ်ကောင်စီကို ထိထိရောက်ရောက် အရေးမယူတာကြောင့် အာဆီယံအဖွဲ့ကိုလည်း ရှုတ်ချခဲ့ပါတယ်။

အာဆီယံဟာ အစိုးရပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ကန့်သတ်ချက်တွေအတွင်း မြန် မာ့အရေးနဲ့ပတ်သက်လို့ များစွာ လုပ်ဆောင်ခဲ့ပြီးဖြစ်တယ်လို့ ISEAS မြန်မာလေ့လာရေးအစီအစဉ် ညှိနှိုင်းရေးမှူး မမိုးသူဇာက ပြောပါတယ်။

“အာဆီယံအဖွဲ့ဟာ မြန်မာစစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူတာတွေ မလုပ်ဆောင်ခဲ့ပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ ဒဏ်ခတ်အရေးယူမှုတွေဟာ အာဆီယံပဋိဉာဉ်မှာ ပြဌာန်းထားတဲ့ အာဆီယံရဲ့ ကတိကဝတ်တွေ မဟုတ်လို့ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဆောင်ရေးဟာ လက်ရှိမှာ ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေ ဖြစ်နေတာကြောင့် အားလုံးက မေလအတွင်းပြုလုပ်မယ့် အာဆီယံထိပ်သီးဆွေး နွေးပွဲကို စောင့်ကြည့်လာမှာဖြစ်ပါတယ်။

ဒေသတွင်းခေါင်းဆောင်တွေက သူတို့ရဲ့ မြန်မာ့အရေးတုံ့ပြန်မှုတွေကို ပြန်ပြီးပြုပြင်ပြီး ဘုံသဘောတူညီ ချက် ၅ ရပ်ကို လိုက်နာစောင့်ထိန်းဖို့ မြန်မာစစ်ကောင်စီကို ပိုမို ပြင်းထန်စွာ သိမ်းသွင်းစည်းရုံးမည်လားဆိုသည် ကို လေ့လာသူတွေက စောင့်ကြည့်မှာဖြစ်ပါတယ်။

CNA ဝဘ်ဆိုဒ်တွင်ဖော်ပြထားသည့် Violence continues in Myanmar two years into military coup, Five-Point Consensus at deadlock ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။