ဧရာဝတီတ်ိုင်းမ်
ဧပြီလ ၂၅ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာမှာ ဧပြီလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးသွားသည့် ဒေသခံပြည်သူ ၅၀ ကျော် ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

ရငဲကျေးရွာမှ ဒေသခံ ၅၀ ကျော်ဟာ ဧပြီလ ၂၃ ရက် မနက်ပိုင်းမှာ အင်အား ၃၀ ကျော်နဲ့ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ဓားစားခအဖြစ် ဖမ်းဆီးခံရသူတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“အဓိက PDF တွေ စစ်တပ်ကိုပစ်ခတ်မှာစိုးလို့ ပြည်သူတွေဖမ်းပြီး ကာဘာယူကြတာပေါ့။ ရွာက အရှေ့ဘုန်းကြီးကျောင်းမှ စစ်ဆေးကြတယ်။ ကလေးနဲ့ လူကြီးတွေကိုတော့သပ်သပ်ထားပြီးစစ်တယ်။ လူငယ်တွေက်ိုတော့ နေပူလှန်းပြီးစစ်ဆေးကြတယ်။ PDF နဲ့ပတ်သက်လား၊ ရွာမှာ PDF တွေရှိလားဆိုပြီးမေးကြတယ်” လို့ သရက်ချောင်းမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောပါတယ်။

အဆိုပါ ဒေသခံပြည်သူ ၅၀ ကျော်ကို စစ်ဆေးပြီးနောက် ဧပြီလ ၂၃ ရက် အဲ့ဒီနေ့ ညနေပိုင်းမှာပဲ စစ်ကောင်စီတပ်တွေက အားလုံးပြန်လွှတ်ပေးလိုက်တယ် လို့ သရက်ချောင်းမြို့ခံတွေက ဆိုပါတယ်။

ဒါ့အပြင် သရက်ချောင်းမြို့နယ်၊ ငရဲကျေးရွာနဲ့ ၃ မိုင်အကွာမှာရှိတဲ့ ဝဲရစ်ကျေးရွာက ဒေသခံ ၂၀ ကျော်ကိုလည်း စစ်ကောင်စီတပ်သားတွေက ဧပြီလ ၂၄ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
#ရငဲကျေးရွာမှာ #စစ်ကောင်စီက #တစာခံအဖြစ်ဖမ်းဆီး #ဒေသခံ၅၀ကျော်ပြန်လည်လွတ်မြောက်
#Ayeyarwaddy_Times