ဧရာဝတီတိုင်းမ်
(ဖယ်ခုံ)၊ ဧပြီလ ၂၅ ရက်

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မြောက်စလုံးကျေးရွာတွင် ယမန်နေ့ဧပြီလ ၂၄ ရက်နေ့တွင် စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်နှင့် KNDF၊ KAပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KnICထံမှသိရသည်။

ဖယ်ခုံ-မိုးဗြဲဒေသတွင် စစ်ကြောင်းထိုးနေသည့်စကခ-၂လက်အောက်ခံ ခလရ ၂၄၇ တပ်ရင်းနှင့် ခလရ ၂၄၈ တပ်ရင်းတို့အား တော်လှန်ရေးပူးပေါင်းတပ်များမှ ချေမှုန်းရေးအဖြစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်သား ၂၀ ဦးဝန်းကျင်ထိခိုက်သေဆုံးနိုင်ပြီး သေနတ်အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

“အဲ့ဒေသမှာက စစ်ကြောင်းထိုးနေတာကြာပြီ။ ဟိုးအရင်ကတည်းက နေပြတ်တောက် ပြတ်တောက်တိုက်ပွဲဖြစ်နေတာ။ အခုကစစ်ကြောင်းထိုး‌လာတာ။ နေ့တိုင်းတိုက်ပွဲဖြစ်နေတယ်။ မဖြစ်ရင်လည်း လက်နက်ကြီးနဲ့လှမ်းထုတယ်။ လေယာဉ်နဲ့လာပစ်တယ်။ သေတာကတော့ ၂၀ လောက်ရှိတယ်။ သေချာတော့မသိသေးဘူး။” ဟု ကရင်နီစစ်ဘက်ဆိုင်ရာသတင်းပြန်ကြာရေးတာဝန်ရှိသူ ခူညေးရယ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ပွဲအား ကရင်အမျိုးသားကာကွယ်ရေးတပ် KNDFနှင့် ကရင်နီတပ်မဝောာ် KA တပ်ရင်း ၅ နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစစ်ကြောင်းမှာ ဖယ်ခုံဒေသတွင်ဆက်လက်ရှိနေကြောင်းလည်း သိရသည်။

ဖယ်ခုံ‌မြို့နယ်၊ မြောက်စလုံးကျေးရွာတွင် ဧပြီလ ၂၁ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF B0-11 မှရဲဘော်တစ်ဦး သေဆုံးခဲ့ရကြောင်းလည်း သိရသည်။
#ဖယ်ခုံ #KNDF #KA #တိုက်ပွဲ #Ayeyarwaddy_Times