ဧရာဝတီတိုင်းမ်
ဧပြီလ ၂၅ ရက်
အိန္ဒိယနိုင်ငံက တရုတ်ကိုတန်ပြန်တဲ့ ကြိုးပမ်းမှုတစ်ခုဖြစ်တဲ့ အမေရိကန်နိုင်ငံနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု တစ်ခုကို NHK အပါအဝင် မီဒီယာတွေအား ထုတ်ဖော်ပြသခဲ့ပါတယ်။
မနေ့က အနောက်ဘင်ဂေါပြည်နယ် စစ်အခြေစိုက်စခန်းတစ်ခုမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့တွေရဲ့ စစ်ရေး လေ့ကျင့်မှုတွေကို မီဒီယာတွေအား ကြည့်ရှုခွင့်ပြုခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်မှုအတွင်း အုပ်စုလိုက် လေကြောင်းချီလေ့ကျင့်မှု ပြုလုပ်မယ်လို့ အမေရိကန်နဲ့ အိန္ဒိယစစ် တပ်တွေက အတည်ပြုခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်လေတပ်ရဲ့ F-15 ဂျက်တိုက်လေယာဉ်တွေ၊ B-1 ဗုံးကြဲလေယာဉ် တွေလည်း ပါဝင်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံကလည်း စစ်ရေးလေ့ကျင့်မှုမှာပါဝင်ဖို့ လေတပ်ရဲ့ အဓိကလေယာဉ်တွေဖြစ်တဲ့ ရုရှားနိုင်ငံ လုပ် Sukhoi-30 ဂျက်တိုက်လေယာဉ်တွေနဲ့ ပြည်တွင်းဖြစ် Tejas တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်မှုက နှစ်နိုင်ငံတပ်ဖွဲ့တွေ အချင်းချင်း လေ့လာနိုင်တဲ့ အခြေအနေတစ်ရပ် ရရှိစေပြီး ပက တိအခြေအနေမှာ တိုက်ပွဲဝင်နိုင်တဲ့စွမ်းရည်တွေကို ထုတ်ဖော်ပြသခွင့်ရရှိမယ်လို့ အိန္ဒိယလေတပ်မှ ဗိုလ်မှူးချုပ် တစ်ဉီးက ပြောပါတယ်။
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း နယ်စပ်အငြင်းပွားမှုတစ်ခုနဲ့ပတ်သက်လို့ အိန္ဒိယနိုင်ငံရဲ့ တရုတ်နဲ့ဆက် ဆံရေးဟာ တင်းမာနေဆဲဖြစ်ပါတယ်။
မီဒီယာတွေကို ထုတ်ဖော်ပြသခဲ့တဲ့ အိန္ဒိယတပ်ဖွဲ့တွေဟာ အရှေ့မြောက်ပိုင်းဒေသမှာ တာဝန်ယူရတဲ့ တပ်ဖွဲ့တွေဖြစ်ပါတယ်။
ကိုးကား – NHK
Ref; India-US joint military exercise shown to media