ဧရာဝတီတိုင်းမ်
ဧပြီလ ၂၄ ရက်

အာဏာသိမ်းစစ်​ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဧရာဝတီတိုင်းရဲ့ မြို့တော်ဖြစ်တဲ့ ပုသိမ်မြို့ကိုလာရောက်ပြီး ဘုရားထီးတင်ဖို့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဧပြီလ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့တွေမှာ ပုသိမ်မြို့ကို လာရောက်မှာဖြစ်ပြီး အမှတ် ၈ ရပ်ကွက်က တဂေါင်းဘုရားစေတီတော်ကို လာရောက်ထီးတင်မှာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

” မီးကတော့ မနေ့ကစပေးတာပဲ၊ မနေ့ကမှ ပြတ်သေးတယ် ဒီနေ့ဆို မီးလုံးဝမပြတ်ဘူး၊ မင်းအောင်လှိုင် လာပြီးထီးတင်မှာမလို့ ပေးထားတာတယ်ပြောတယ်”လို့ အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ပုသိမ်မြို့ကို လာရောက်ဖို့အတွက် ​သတင်းတွေထွက်ပေါ်နေတာဟာ မှန်ကန်တယ်လို့ တော်လှန်ရေးအင်အားစုတွေကလည်း အတည်ပြုပြောဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဧရာဝတီတိုင်းကို ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းက လာရောက်ခဲ့တဲ့ ခရီးစဥ် မှာလည်း ပုသိမ်မြို့ကို လာရောက်ခဲ့သေးတယ်လို့ သိရပါတယ်။

#ပုသိမ်မြို့ #အာဏာသိမ်းစစ်ခေါင်းဆောင် #မင်းအောင်လှိုင် #Ayeyarwaddy_Times