ဧရာဝတီတိုင်းမ်
ဧပြီလ ၂၄ ရက်
နိုင်ငံတကာရဲ့ ရှုတ်ချမှုတွေ၊ အမေရိကန်နဲ့ ဉရောပသမဂ္ဂရဲ့ ဒဏ်ခတ်အရေးယူမှုတွေ ရှိလင့်ကစား အာ ဏာသိမ်းစစ်ကောင်စီဟာ သောင်းကျန်းသူလို့ သူတို့ဘာသာ သတ်မှတ်ထားတဲ့ အဖွဲ့တွေအပေါ် အကြင်နာတရား မဲ့သော လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ဧပြီလ ၁၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီး ကျေးရွာအပေါ် ကြောက်မတ်ဖွယ်ရာ လေကြောင်းတိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့ရာ အမျိုးသမီးနဲ့ ကလေးငယ် တွေ အပါအဝင် လူ ၁၇၀ ခန့် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
မြန်မာစစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ဖိအားပေးမှုကြောင့် လိုအပ်တဲ့ရလဒ် မရသေးပေမယ့် မြန်မာ့အ ရေး အဖြေရှာဖို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) မှတစ်ဆင့် မြန်မာနိုင်ငံတွင်းသာ စတင်ရမယ်လို့ မဟာ ဗျူဟာသုတေသီ ဒေါက်တာ အက်ဇ်မီဟတ်ဆန်က ပြောပါတယ်။
မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်တာဟာ စစ်ကောင်စီအပေါ် ယာယီမျှသာ အကျိုး သက်ရောက်မှုဖြစ်စေတယ်လို့ နူစန်တာရာ မဟာဗျူဟာလေ့လာရေးတက္ကသိုလ် (NASR) မှ အကြီးတန်းသုတေသီ ဒေါက်တာ အက်ဇ်မီဟတ်ဆန်က ဆိုပါတယ်။
“စစ်ကောင်စီထံ လေယာဉ်ဆီနဲ့ သဘာဝ အရင်းအမြစ်တွေရောင်းချဖို့ ပြဿနာမရှိတဲ့ အခြားတိုင်းပြည် တွေကို တန်ဖိုးကြီး ကျောက်မျက်တွေ ရောင်းချတာမျိုးကနေ စစ်ကောင်စီက ဘဏ္ဍာရေး အရင်းအမြစ်တွေ ရှိပါ တယ်” လို့ သူက ဆိုပါတယ်။
CARUM တက္ကသိုလ်မှ ညွှန်ကြားရေးမှူး ဒေါက်တာ ရာဟူးလ်မက်ရှ်ရာကလည်း အဲဒီအမြင်ကို သဘောတူ ပြီး စစ်ကောင်စီကို ဒဏ်ခတ်အရေးယူတာတွေဟာ ရေရှည်မှာ အကျိုးဖြစ်ထွန်းမှာမဟုတ်ဖူးလို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ကျင့်သုံးနိုင်ဖို့ အာဆီယံအဖွဲ့က မစွက်ဖက်ရေးမူမှ လူသားချင်းစာနာ မှုကို အခြေခံသည့် အပြုသဘောဆောင်သော စွက်ဖက်ရေးမူကို အသွင်ကူးပြောင်းရမယ်လို့ သူက ဆိုပါတယ်။ ဒီ လိုပြောင်းလဲရာမှာ နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်သီနဲ့ အာဆီယံအဖွဲ့ရဲ့ ဆွေးနွေးဖက်မိတ်ဖက်တွေကိုလည်း လိုအပ်တယ်လို့ သူက ထောက်ပြပါတယ်။
“တရားဥပဒေစိုးမိုးရေးယန္တယား မရှိတာကြောင့် အာဆီယံအဖွဲ့ဟာ ဘုံသဘောတူညီချက် ၅ ရပ် ဖော် ဆောင်ရေး စစ်ကောင်စီကို တိုက်တွန်းဖို့ ခက်ခဲနေပါတယ်။ စစ်ကောင်စီက ဘုံသဘောတူညီချက် ၅ ရပ် ဖော် ဆောင်ရေး အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံတွေက ညှိနှိုင်းလုပ်ဆောင်တဲ့ အဖြေမရှိရင် မြန်မာနိုင်ငံက ပုံမှန်အခြေအနေ ကို ပြန်လည်ရောက်ရှိနိုင်မှာ မဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ အာဆီယံခေါင်းဆောင်တွေ သဘော တူခဲ့တဲ့ တူညီဆန္ဒ ၅ ရပ်မှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ သက်ဆိုင်သူအားလုံးကြား အပြုသဘောဆောင် သော ဆွေးနွေးမှုတွေပြုလုပ်ဖို့၊ အာဆီယံက မြန်မာနိုင်ငံသို့ အကူအညီပေးအပ်ဖို့၊ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ရေး အာဆီယံ အထူးကိုယ်စားလှယ်တစ်ဉီး ခန့်အပ်ရေးနဲ့ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပြုဖို့ ဖြစ်ပါတယ်။
အာဆီယံအဖွဲ့ရဲ့ အာဏာသိမ်းစစ်ကောင်စီအပေါ် သြဇာလွှမ်းမိုးမှုက အကန့်အသတ်ရှိပြီး ဘုံသဘောတူ ညီချက် ၅ ရပ်အနက် အချက်တစ်ချက် သို့မဟုတ် နှစ်ချက်လောက်ပင် အကောင်အထည်ဖော်ဆောင်ဖို့ စစ်ကောင် စီအပေါ် ဖိအားပေးနိုင်စွမ်းမရှိဘူးလို့ ဒေါက်တာ အက်ဇ်မီဟတ်ဆန်က ပြောပါတယ်။
မြန်မာကို အာဆီယံအဖွဲ့မှ ထုတ်ပယ်နိုင်ပေမယ့် အဆိုပါလုပ်ရပ်က မြန်မာ့အရေးကို ဖြေရှင်းနိုင်မှာမဟုတ် ဘဲ အာဆီယံအဖွဲ့အတွက် မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံဖို့ ပိုမို ခက်ခဲစေမယ်လို့ သူက ဆိုပါတယ်။
ကုလသမဂ္ဂက မြန်မာနိုင်ငံသို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တွေ စေလွှတ်ပြီး ကြားဝင်ဖျန်ဖြေနိုင်ခြင်း ရှိ မရှိ မေးမြန်းရာမှာ ကုလသမဂ္ဂက ထိုသို့လုပ်ဆောင်ပါက မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ အထောက်အကူပြုနိုင်ပေမယ့် ဖြစ်လာနိုင်ဖို့ အဟန့်အတားတွေ များစွာရှိနေတယ်လို့ ပညာရှင်နှစ်ဉီးစလုံးက ပြော ပါတယ်။
“စစ်ကောင်စီရဲ့ ခွင့်ပြုချက်ရရှိဖို့ လိုအပ်ပါတယ်။ စစ်ကောင်စီက မြန်မာနိုင်ငံတွင်း အာဆီယံ လေ့လာသူ တွေတောင် ဝင်ခွင့်မပြုခဲ့တာ ဘယ်လိုလုပ်ပြီး ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တွေ စေလွှတ်ခွင့်ပြုမ လဲ။ စစ်ကောင်စီက ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တွေကို မြန်မာနိုင်ငံတွင်း ဝင်ခွင့်ပြုမှာမဟုတ်ပါ ဘူး” လို့ ဒေါက်တာ အက်ဇ်မီဟတ်ဆန်က ဆိုပါတယ်။
“ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တွေ စေလွှတ်ဖို့ ဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမယ့် မေးစရာ မေးခွန်းက တရုတ်နဲ့ရုရှားက ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တွေ စေလွှတ်တာကို ထောက်ခံမှာ မ ဟုတ်ပါဘူး” လို့ ရာဟူးလ်က ပြောပါတယ်။
စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ အရပ်သားအစိုးရကိုဖြုတ်ချကာ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံဟာ ကစဉ့်ကလျားအခြေအနေ ဖြစ်လာခဲ့ပြီး စစ်ကောင်စီရဲ့ အတိုက်အခံတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် အရပ်သား ၃၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။
ကိုးကား – Bernama
Ref; Solution to Myanmar crisis must start from within – analysts