ဧရာဝတီတိုင်းမ်
ဧပြီလ ၂၄ ရက်

ဒီကနေ့ဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို လက်တုံ့ပြန်တဲ့ တူညီဆန္ဒ ၅ ချက်ကို အာဆီယံအဖွဲ့က သဘောတူခဲ့တာ ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ပြောပါတယ်။

အကြမ်းဖက်မှုတွေရပ်တန့်ဖို့ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေကို မြန်မာစစ်တပ်က လျစ်လျှူရှုခဲ့ပြီး စစ်ရာ ဇဝတ်မှုနဲ့ လူသားမဆန်သော ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ AI က ဆိုပါတယ်။

အာဆီယံခေါင်းဆောင်တွေဟာ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ မြန်မာ့အရေးဖြေရှင်းဖို့ အရှိန်မြှင့်ကာ မြန်မာ နိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ကာ သက်ဆိုင်ရာအဖွဲ့အစည်းတွေက စိတ်ရှည်သည်းခံမှု ကျင့်သုံးရ မယ်လို့ AI က ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံရေးတက်ကြွလှုပ်ရှားသူလေးဉီးကို ကြိုးပေးကွက်မျက်ကာ ၁၂၃ ဉီးကို သေဒဏ်ပေးခဲ့ ပြီး ပြည်သူ ၂၁၃၃၄ ဉီးကို ဖမ်းဆီးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ တရားလက်လွှတ် ကွက်မျက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှု တွေ၊ ပိတ်ပင်ထားတဲ့ မြေမြှုပ်မိုင်းတွေ၊ ကလပ်စတာဗုံးတွေကြောင့် ပြည်သူ ၃၂၃၉ ဉီး သေဆုံးခဲ့ပါတယ်။

မြန်မာ့ပဋိပက္ခကြောင့် ပြည်သူ ၁ ဒသမ ၄ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရပြီး အရပ်သားနေအိမ် ၆၀၀၀၀ မီးရှို့ခံရကာ အရပ်သား ၇၅၀၀၀ ကျော် အိမ်နီးချင်းတိုင်းပြည်တွေမှာ ခိုလှုံနေရတယ်လို့ ကုလသမ္ဂက ပြောပါ တယ်။

စစ်ကောင်စီအာဏာပိုင်တွေက အာဏာသိမ်းမှုနောက်ပိုင်း ရခိုင်ပြည်နယ်အပြင် တရားမဝင် ခရီးသွားလာ မှုကြောင့်ဟုဆိုကာ ရိုဟင်ဂျာ ၂၀၀၀ ကျော်ကို ထိန်းသိမ်းခဲ့တယ်လို့ AI က ဆိုပါတယ်။

ကိုးကား – AI
Ref; Myanmar: ASEAN needs to address its failing approach to the crisis in Myanmar following the military coup