ဧရာဝတီတိုင်းမ်
ဧပြီလ ၂၄ ရက်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုကြောင့်ဖြစ်လာခဲ့တဲ့ မြန်မာ့အကျပ်အတည်း အဆုံးသတ်ဖို့နဲ့ ပြန်လည်သင့်မြတ်ရေး ဘယ်လိုရှာဖွေမယ်ဆိုတာ ဆွေးနွေးဖို့ အိမ်နီးချင်းတိုင်းပြည်တွေက တာဝန်ရှိသူတွေ၊ နိုင်ငံ ခြားရေးရာ မူဝါဒကျွမ်းကျင်သူတွေဟာ ဧပြီလ ၂၅ ရက်မှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ အစည်းအဝေးတစ် ခု ပြုလုပ်မှာဖြစ်ပါတယ်။

Track 1.5 ဆွေးနွေးပွဲလို့ ခေါ်ဆိုတဲ့ အဆိုပါအစည်းအဝေးကို ထိုင်းနိုင်ငံက စတင်ခဲ့တာဖြစ်ပါတယ်။ မတ် လအတွင်း ဗန်ကောက်မြို့တော်မှာ ပထမအကြိမ် အစည်းအဝေးကျင်းပခဲ့စဉ် အိန္ဒိယနိုင်ငံက တက်ရောက်ခဲ့ပါ တယ်။

ဒီအကြိမ် ဆွေးနွေးပွဲကိုတော့ ပြည်ပရေးရာဝန်ကြီးဌာနက ငွေကြေးထောက်ပံ့ပေးထားတဲ့ အိန္ဒိယ ကမ္ဘာ့ ရေးရာကောင်စီရုံးမှာ ပြုလုပ်သွားမယ်လို့ သတင်းရင်းမြစ်တစ်ခုက အတည်ပြုပါတယ်။

မြန်မာ၊ တရုတ်၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ အာဆီယံဥက္ကဌ အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ဆွေးနွေးပွဲကို တက်ရောက်မယ်လို့ မျှော်မှန်းရပါတယ်။

ဆွေးနွေးပွဲရဲ့ခေါင်းစဉ်က “ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး၊ လူသားချင်းစာနာမှု အကူအညီနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရေးနည်းလမ်း ရှာဖွေမယ့်ကြိုးပမ်းမှုတွေ ဖြစ်ပါတယ်။

ထိုင်းနဲ့အိန္ဒိယနိုင်ငံတွေဟာ စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်တဲ့ ဒီမိုကရေစီ အရပ်သားတပ်ဖွဲ့တွေရဲ့ လက် နက်ကိုင်တော်လှန်မှုကြောင့်ဖြစ်လာတဲ့ ပြည်တွင်းစစ်ဒဏ် တိုက်ရိုက်ခံနေရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်အတွင်း နယ်မြေစိုးပိုင်မှုနဲ့ ထိန်းချုပ်မှုမပြုလုပ်နိုင်တော့တာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေအပေါ် အားထားလာရပါတယ်။

ကိုးကား – Indian Express
Ref; Track 1.5 Dialogue: Delhi to host talks on Myanmar tomorrow