ဧရာဝတီတိုင်းမ်
ဧပြီလ ၂၃ ရက်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့မှာ ဧပြီလ ၂၂ ရက်နေ့က ဒေသခံပြည်သူ ၅ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဇီးချိုင်ရွာက အပြစ်မဲ့ပြည်သူ ၅ ဦးကို မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေကဖမ်းဆီးခဲ့တာဖြစ်ပြီး ပိုင်ဆိုင်သမျှ ရွှေနဲ့ ပိုက်ဆံတွေကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

”ခုက ဒီဘက်မှာအခြေအနေတော်တော်ဆိုးနေတာ၊ တော်ကြာ အေအေနဲ့ဆက်သွယ်လို့ဆိုပြီးဖမ်းလိုက်၊ တော်ကြာ PDF ​ထောက်ပံ့တယ်ဆိုပြီး ဖမ်းလိုက်ဖြစ်နေတာ”လို့ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ သတင်းပေးတွေပေါင်းပြီး ဒေသခံပြည်သူတွေ မတရားစွပ်စွဲဖမ်းဆီးနေတာဖြစ်ပြီး ဧပြီလအတွင်း ဖမ်းဆီးခံရသူ ၁၀ ဦးလောက်ရှိလာပြီလို့ ဆိုပါတယ်။

ဒါ့ပြင် စစ်ကောင်စီတပ်က ငပုတောမြို့နယ်ထဲက တောတွေထဲမှာ စစ်ကြောင်းထိုးတဲ့အခါမှာလည်း ဒေသခံတွေကို လမ်းပြသဘောမျိုး ဖမ်းဆီးခေါ်ဆောင်တာတွေပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#ဟိုင်းကြီးကျွန်းမြို့ #ဒေသခံငါးဦး #ဖမ်းဆီးခံရ #စစ်ကောင်စီတပ် #Ayeyarwaddy_Times