ဧရာဝတီတိုင်းမ်
ဧပြီလ ၂၃ ရက်
ရာမာဒန်ဥပုသ်လအတွင်း စားနပ်ရိက္ခာဖြတ်တောက်မှုတွေ ရှိခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ တွေအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ အာဟာရအကူအညီ ပေးအပ်နိုင်ဖို့ အမေရိကန်နိုင်ငံက လူသားချင်းစာနာ မှု အကူအညီ ဒေါ်လာ ၂၃ ဒသမ ၈ သန်း ပေးအပ်လိုက်ပါတယ်။
အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုရေးအေဂျင်စီ (USAID) မှတစ်ဆင့် ငွေကြေးထောက်ပံ့မယ်လို့ ဒါ ကာမြို့တော်ရှိ အမေရိကန်သံရုံးက ပြောပါတယ်။
မြန်မာနိုင်ငံမှ အဓမ္မ မောင်းထုတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကျော်ကို ကော့ဘဇားခရိုင်ရှိ ဒုက္ခ သည်စခန်း ၃၃ ခုမှာ ထားရှိသလို ၃၀၀၀၀ ခန့်ကို ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ဆားထူထပ်ရာကျွန်းတစ်ခုဖြစ် တဲ့ ဘာဆန်ရှားကျွန်းမှာ နေရာချထားပါတယ်။
အမေရိကန်နိုင်ငံက ဒေါ်လာ ၂၃ သန်းကျော် ထောက်ပံ့ပေမယ့် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ဒေါ်လာ သန်း ၁၀၀ နီးပါး လိုအပ်နေဆဲပဲလို့ သိရပါတယ်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်တွေ၊ ဘေးသင့်အသိုင်းအဝိုင်းတွေကို အကူအညီပေးဖို့ အမေရိ ကန်နိုင်ငံက သံန္နိဌာန်ချထားဆဲဖြစ်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ လိုအပ်ချက်ဖြည့်ဆည်းပေးဖို့ ထပ်တိုးကူ ညီကြဖို့ အလှူရှင်နိုင်ငံတွေကို တိုက်တွန်းပါတယ်” လို့ အမေရိကန်သံအမတ်ကြီး ပီတာဟာ့စ်က ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို သက်မွေးအလုပ်အကိုင်တွေ ပိုမိုလုပ်ကိုင်ခွင့်ပြုဖို့နဲ့ လူသားချင်းစာနာမှု အကူ အညီပေါ် မှီခိုနေရမှုလျှော့ချရေး ကူညီဖို့ ပီတာဟာ့စ်က ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ အိမ်ရှင်အသိုင်းအဝိုင်းကို ကူညီဖို့ ဒေါ်လာ ၁ ဒသမ ၆ ဘီ လီယံ ထောက်ပံ့တာအပါအဝင် အမေရိကန်နိုင်ငံက ၂၀၁၇ ခုနှစ်နောက်ပိုင်း ရိုဟင်ဂျာအရေးအတွက် ဒေါ်လာ ၂ ဘီ လီယံကျော် ပံ့ပိုးကူညီခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; Amid ration cuts, US grants $23M in aid to Rohingya in Bangladesh