ဧရာဝတီတိုင်းမ်
ဧပြီလ ၂၃ ရက်
နောင်ချိုမြို့နယ်တွင် အမှတ် (၁၄၇) ခြေလျင်တပ်ရင်းမှ တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းသည် ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့တွင် သေနတ်နှင့် ပစ်သတ်ခံရကြောင်း သိရသည်။
အဆိုပါ ဒုဗိုလ်မှူးကြီး မှာ မြတ်မင်းထွန်း ဖြစ်ပြီး ရှမ်းမြောက်၊ ဟိုခို သုံးဆယ်ကြား အင်ကြင်းကုန်းတွင် ယမန်နေ့ နေ့လည် ၂ နာရီဝန်းကျင်တွင် MDY PDF မှ သေနတ်နဲ့ပစ်ခတ်ခဲ့ကြောင်း နောင်ချို ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။
နောင်ချို အမှတ် (၁၄၇) ခြေလျင်တပ်ရင်းမှ တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းသည် ပစ်ခတ်ခံရသည့် ဖြစ်စဥ်အသေးစိတ်ကို မသိရသေးသလို ဧရာဝတီတိုင်းမ် သတင်းဌာနအနေနဲ့ သီးခြားအတည်နိုင်ခြင်း မရှိသေးပါဘူး။