ဧရာဝတီတိုင်းမ်
ဧပြီလ ၂၃ ရက်
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမြူနိုင်းဟာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေး နွေးဖို့ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့တယ်လို့ ဗန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။
ဒွန်ပရာမြူနိုင်းနဲ့ မင်းအောင်လှိုင်တို့ဟာ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု၊ နယ်စပ်ဒေသတွေမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးအပြင် လူမှောင်ခိုကူးမှု၊ မူးယစ်မှောင်ခိုမှုနဲ့ လက်နက်မှောင်ခိုကူးမှုကိစ္စရပ်တွေမှာ ထိုင်း၊ မြန်မာနဲ့ လာအိုကြား ပူးပေါင်းဆောင်ရွက်ဖို့ ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မကြာသေးမီ သီတင်းပတ်တွေအတွင်း မြန်မာ၊ လာအိုနဲ့ ထိုင်းမြောက်ပိုင်းရှိ လယ်သမားတွေက ပြောင်း ဖူးခင်းတွေ မီးရှို့တာတွေက လေထုညစ်ညမ်းမှုတွေဖြစ်ရတဲ့ အဓိက အကြောင်းရင်းလို့ သိရပါတယ်။
နေပြည်တော်မှာ အိမ်စောင့်အစိုးရ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူ ဒွန်ပရာမြူနိုင်းရဲ့ မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုမှာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မောင်ကိုးဗစ်ဆစ်စတမ့်လည်း လိုက်ပါခဲ့ပါတယ်။
ဒွန်ပရာမြူနိုင်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပွန်ပီမောကန်ချာနာလတ်က စစ်ကောင်စီခန့် အ ပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ကိုကိုလှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ပွန်ပီမောကန်ချာနာလတ်ဟာ အာဏာသိမ်းမှုကြောင့် ဖြစ်လာခဲ့တဲ့ မြန်မာ့အရေး အဖြေတစ်ခုရှာရာမှာ စစ်ကောင်စီနဲ့ ပိုမို ထိတွေ့ဆက်ဆံဖို့ အကြံပေးခဲ့သူဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူတာတွေ၊ ရှုတ်ချတဲ့နည်းလမ်းတွေက မြန်မာ့အရေး ဖြေရှင်းရာမှာ အလုပ်မဖြစ်ဘူးလို့ ပွန်ပီမောကန်ချာနာလတ်က ပြီးခဲ့တဲ့နှစ် အစည်းအဝေးတစ်ခုမှာ ပြောကြားခဲ့ပါ တယ်။
ကိုးကား – Bangkok Post
Ref; Foreign minister Don meets Myanmar junta chief