ဧရာဝတီတိုင်းမ်
ဧပြီလ ၂၃ ရက်
မြောက်ကိုရီးယားက လွှတ်တင်တဲ့ သူလျှိုဂြိုဟ်တုတစ်လုံး ဂျပန်နိုင်ငံပိုင်နက်အတွင်း ကျလာရင် ပစ်ချ ရေး ပြင်ဆင်ထားဖို့ ကာကွယ်ရေးဝန်ကြီး ယာဆူကာဇူဟာမာဒါက ဂျပန်စစ်တပ်ကို အမိန့်ပေးလိုက်ပါပြီ။
ပဲ့ထိန်းဒုံးကျည်တွေကို ဖျက်ဆီးဖို့ အမိန့်ပေးနိုင်တာကြောင့် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ် ထားဖို့ ဟာမာဒါက ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ကို ညွှန်ကြားခဲ့ပါတယ်။
ကြိုတင်ပြင်ဆင်မှုတွေထဲမှာ ပဲ့ထိန်းဒုံးကျည်တစ်စင်း ကျလာပါက ထိခိုက်ပျက်စီးမှု နည်းပါးစေဖို့ တပ်ဖွဲ့ တွေကို တောင်ပိုင်းရှိ အိုကီနာဝါကျွန်းသို့ ရွှေ့ပြောင်းဖို့လည်း ပါဝင်ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကိုတန်ပြန်မယ့် တိုင်းပြည်ရဲ့ ပထမဆုံးသော သူလျှို ဂြိုဟ်တုလွှတ်တင်ရေး ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြော ကြားခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ မကြာသေးမီလတွေအတွင်း နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်တဲ့ ဒုံး ကျည်နဲ့ စစ်လက်နက်စမ်းသပ်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားက စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်မယ်ဆိုရင် ပိုမိုလက်တွေ့ကျသော၊ ထိုး စစ်ဆင်သောလုပ်ရပ်တွေ လုပ်ဆောင်မယ်လို့ မြောက်ကိုရီးယားနိုင်ငံက ခြိမ်းခြောက်ခဲ့ပါတယ်။
ပြီးခဲ့နှစ် ဒီဇင်ဘာလအတွင်း မြောက်ကိုရီးယားဒရုန်းငါးစင်း တောင်ကိုရီးယားနိုင်ငံထဲ ဝင်ရောက်ခဲ့တာ ကြောင့် တောင်ကိုရီးယားနိုင်ငံက စစ်တပ်ပုံတွေကို ဓာတ်ပုံရိုက်ကူးဖို့ မြောက်ကိုရီးယားနိုင်ငံထဲ ကင်းထောက်လေ ယာဉ်တစ်စင်း စေလွှတ်ခဲ့ပါတယ်။
ကိုးကား – CNA
Ref; Japan preparing to shoot down North Korea spy satellite if it falls within its territory