ဧရာဝတီတိုင်းမ်
ဧပြီလ ၂၃ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မရှီကထောင် ကျေးရွာမှာ ဧပြီလ ၂၃ ရက်နေ့ မနက်ပိုင်းက KTV တစ်ခုမှာ စစ်ကောင်စီလက်အောက်ခံ ဒုတပ်ရင်းမှူး တစ်ဦးပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Happy KTV မှာ စစ်ကောင်စီတပ်ရဲ့ တပ်မ ၃၃ လက်အောက်ခံ တပ်ရင်း ၁၃ က ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်မောင်ကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဝင်ရောက်ပစ်ခတ်ခံရပြီး သူအပါဝင် ၅ ဦးသေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
” KTV မှာမနက်အစောပိုင်းဖြစ်သွားတာ။ သေနတ်သံတွေတော့ကြားလိုက်ရတယ်။ စစ်ကောင်စီဘက်က အကောင်ကြီးကြီးတစ်ကောင်းလည်းပါတယ် ကြားတယ်။ သွားကြည့်လို့မရဘူး”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
တပ်ရင်း ၁၃ ရဲ့ ဒုတပ်ရင်းမှူး စစ်တက္ကသိုလ်အပတ်စဥ် ၄၇ သင်တန်းဆင်း ဗိုလ်မှူး ဇော်မောင်အပါဝင် ကျောက်လုပ်ငန်းရှင် ၄ ဦး ပါပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဧရာဝတီတိုင်းမ် သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ပစ်ခတ်မှုတွေမဖြစ်ခင် ရှေ့ဧပြီလ တတိယပတ်အတွင်း လုံးခင်းကျေးရွာအုပ်စုက မှော်ဘုံ(မဒဲန်ယန်) ကျေးရွာမှာ စစ်ကောင်စီတပ်က ဒေသခံ ၁၀၀ ကျော်ကို စစ်ကြောင်းထိုးဝင်ရောက်ဖမ်းဆီးတာတွေပြုလုပ် သွားတာမျိုးလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#ဖားကန့်မြို့ #HappyKTV #ဒုတပ်ရင်းမှူး #ပစ်ခတ်ခံရပြီး #သေဆုံး #Ayeyarwaddy_Times