ဧရာဝတီတိုင်းမ်
ဧပြီလ ၂၃ ရက်

လူ့အခွင့်အရေးအခြေအနေ ဆိုးရွားလာတာကြောင့် မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်းတွေကို ရပ် ဆိုင်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် AFRY ကုမ္ပဏီက ကြေညာလိုက်ပါတယ်။

၂၀၂၃ ခုနှစ် မတ်လအတွင်း ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာကြောင့် မြန်မာနိုင်ငံရှိ စီမံကိန်းတွေကို ပြန်လည်ဆန်းစစ်ခဲ့တယ်လို့ AFRY ကုမ္ပဏီက ပြောပါတယ်။

မြန်မာနိုင်ငံမှာ တည်ငြိမ်သော စွမ်းအင်စနစ်သို့ အသွင်ကူးပြောင်းဖို့ရည်ရွယ်ကာ ရေအားလျှပ်စစ်စီမံကိန်း တွေ ဖော်ဆောင်နေတာ နှစ် ၂၀ ကျော်ပြီလို့ AFRY ကုမ္ပဏီက ဆိုပါတယ်။

AFRY ကုမ္ပဏီဟာ လက်ရှိမှာ မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်းသုံးခုမှာ ပါဝင်နေပြီး စီမံကိန်းတစ်ခု က ဖော်ဆောင်နေဆဲလို့ သိရပါတယ်။

မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်းတွေ ဖော်ဆောင်ဖို့ သဘောတူညီချက်တွေကို ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက် အာဏာသိမ်းမှုမတိုင်မီ လက်မှတ်ရေးထိုးခဲ့ပြီး အာဏာသိမ်းမှုနောက်ပိုင်း စာချုပ်သက်တမ်းတိုးတာ မရှိဘူးလို့ AFRY ကုမ္ပဏီက ပြောပါတယ်။

စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ ဒဏ်ခတ်အရေးယူမှုတွေ၊ ဝန်ထမ်းတွေ ဘေးအန္တရာယ်ကင်းမှု၊ စီမံကိန်း ဆိုင်ရာ ပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေကို ထည့်သွင်းစဉ်းစားကာ ရေအားလျှပ်စစ်စီ မံကိန်းတွေမှာ ပါဝင်မှုရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာလို့ AFRY ကုမ္ပဏီက ဆိုပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်းတွေမှာ ပါဝင်ပတ်သက်မှုကို ဒီနှစ်အ ကုန်မှာ ရပ်ဆိုင်းတော့မှာဖြစ်ပြီး အခြေအနေကို အနီးကပ် ဆက်လက်စောင့်ကြည့်မယ်လို့ AFRY ကုမ္ပဏီက ပြော ပါတယ်။
ကိုးကား – https://afry.com
Ref; AFRY to end its commitment in hydropower projects in Myanmar