ဧရာ၀တီတိုင်းမ်
ဧပြီ ၂၂ ရက်
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ၊ မအူကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးရှေ့တန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း MKPDF-2 တပ်ရင်းက ယနေ့ ဧပြီလ ၂၂ နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။
ကလေးခရိုင်၊ အမှတ် (၁၁) တပ်ရင်း မင်းကင်းအဖွဲ့သည် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ပြီးခဲ့သည့် ဧပြီ ၁၀ ရက်နေ့က ပျူရွာတွင် တပ်စွဲထားသည့် အဆိုပါစစ်စခန်းကို ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်၏ရှေ့တန်းစခန်း၊ ကတုတ်ကျင်းများကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီ၏ အရေးပေါ် ရဟတ်ယာဉ်ဆင်းသည့် ကွင်းနေရာနှစ်ခုကိုလည်း ဖျက်ဆီး နိုင်ခဲ့ကြောင်း ပုံများနှင့်တကွထုတ်ပြန်ထားသည်။
လက်ရှိတွင် ၎င်းတို့အဖွဲ့မှ နယ်မြေစိုးမိုးမှုများ ဆောင်ရွက်နေပြီး ပြည်သူများအနေဖြင့် အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားနိုင်သည့် နေရာများကို ရှောင်ရှားကြရန်နှင့် သတိပေး ချက်များကို လိုက်နာရန် မင်းကင်း PDF-2 က အသိပေးထားသည်။
စခန်းသိမ်းတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်နှင့် ပျူအဖွဲ့၀င်များ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ရန် ဆက်သွယ် မေးမြန်းထားသော်လည်း ပြန်လည်ဖြေ ကြားခြင်းမရှိသေးပေ။
#စစ်ကိုင်း#မင်းကင်း#စစ်ကောင်စီ#ပျူစောထီး#စခန်းသိမ်း#လေယာဉ်ကွင်း#MKPDF
#Ayeyarwaddy_Times