ဧရာဝတီတိုင်းမ်
ဧပြီလ ၂၁ ရက်

ရန်ကုန်များမှာရှိတဲ့ လုပ်ငန်းရှင်တွေဆီကနေ လျှပ်စစ် ဓာတ်အားကို ယူနစ်အလိုက်ပြန်လည် ဝယ်ယူမယ်လို့ ဧပြီလ ၂၁ ရက်နေ့မှာ စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်လိုက်ပါတယ်။

စျေးဝယ်စင်တာ၊ ဟိုတယ်၊ စက်မှုဇုံ၊ အလုပ်ရုံနဲ့ နေအိမ်တွေမှာ တပ်ဆင်ထားတဲ့ ဆိုလာစနစ်ကနေ ရရှိလာမယ့် ဓာတ်အားတွေကို ပြန်လည်ဝယ်ယူတော်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ၁၀ ကီလိုဝပ်ကနေ ၁ မဂ္ဂါဝပ်အထိကို ၈၅ ကျပ်နဲ့ ၁ မဂ္ဂါဝပ်အထက်ကနေ ၁၀ မဂ္ဂါဝပ်အထိကို ၈၀ ကျပ်နဲ့ဝယ်ယူသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ကြေညာထားတာ တွေ့ရပါတယ်။

#ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး #ကော်ပိုရေးရှင်း #ဓာတ်အားဝယ်ယူ #Ayeyarwaddy_Time