ဧရာဝတီတိုင်းမ်
ဧပြီလ ၂၁ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုအတွင်း မှော်ပုံ(မဒဲန်ယန်)ကျေးရွာ စစ်ကောင်စီတပ်တွေက အင်အား ၁၀၀ လောက်နဲ့ ဧပြီလ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မနက် ၅ နာရီခွဲလောက်မှာ အင်အား ၁၀၀ ကျော်နဲ့ ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ဒေသခံ ပြည်သူတွေကို NUG၊ PDF အလိုမရှိကြောင်းအော်ခိုင်းကာ မှတ်တမ်းယူတာတွေလည်း ပြုလုပ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
” ဒီမနက်အစောပိုင်းဝင်စီးတာ တချို့ကိုလည်း ဖမ်းသွားတယ်၊ အားလုံးအယောက် ၆၀ လောက်အဖမ်းခံရတယ်ကြားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက်ပိုင်း ဒေသခံပြည်သာ ၆၀ လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာမှန်ပေမယ့် ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
မှော်ပုံ(မဒဲန်ယန်)ကျေးရွာကို ဝင်ရောက်စီးနင်းချိန်မှာ ကျေးရွာထဲက နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်စီးတာတွေ ပြုလုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#ဖားကန့်မြို့နယ် #မှော်ပုံကျေးရွာ #စစ်ကောင်စီတပ် #ဝင်ရောက်စီးနင်း #Ayeyarwaddy_Times